ကဲ... ပရိတ်သတ်တို့ရေ... တစ္ဆေသရဲတွေဆိုတာဟာ အလင်းပြန်နိုင်တဲ့အရာတွေဖြစ်တဲ့ မှန်တို့ ကင်မရာတို့ထဲမှာဆိုရင် ပေါ်လာတတ်ကြတာကို ပရိတ်သတ်တွေသိမှာပါနော်။ ဒီတော့ ဒီတစ်ခါမှာဆိုရင် ရိုက်ထားတဲ့ ဓာတ်ပုံတွေထဲမှာထင်ထင်ရှားရှားနဲ့ ကွက်ကွက်ကွင်းကွင်း ပေါ်လာခဲ့တဲ့ သရဲ ဓာတ်ပုံတွေအကြောင်းကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။
(၁) ပုံထဲမှာပါတဲ့ခလေးလေးရဲ့မိသားစုဟာ နေအိမ်မှထူးဆန်းစွာပျောက်ဆုံး သွားခဲ့ပါတယ်။ ရဲတွေဟာပုံမှန်ပျောက်ဆုံးခြင်း ဟုတ်မဟုတ် အိမ်မှာသဲလွန်စဝင်ရှာရာ...မိသားစုဟာ ဘယ်နေရာမှာ ရောက်နေမှန်း မသိရပေမဲ့ ကလေးဓါတ်ပုံဖလင်အဟောင်း ထဲမှာတော့ အခုမြင်ရတဲ့ပုံလေးဖြစ်နေပါတယ်။ သူတို့ဘယ်ဘဝရောက်နေကြောင်း ပြသနေတာလား တော့မသိပါဘူး။
(၂) 1942 ခုနှစ် အမေရိကန် Jasper ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ မင်္ဂလာဆောင်တစ်ခုမှာ စုံတွဲပုံရိုက်ကူးစဉ် တစ်ယောက်သောသူက မနှစ်မြို့နေ ပုံကို ဓါတ်ပုံတွင် မြင်နေရပါတယ်။
(၃) မလေးရှားမှာ ဖြစ်သွားတဲ့ တံတားပေါ်က ယာဉ်ချော်ကျ တိမ်းမှောက်မှုဟာ ဘယ်သူ့ကြောင့်လဲ? တံတားအောက်က ပုံရိပ်ကိုတော့ လူတော်တော်များများ သတိထားမိခဲ့ကြပါတယ်။
(၄) ကလေးလေးရဲ့အဖိုးသေဆုံးပြီး ရသတ္တပါတ်အနည်းငယ် ကြာပြီးနောက်မှာ ကလေးလေးဟာ အဖိုးရဲ့ထိုင်ခုံမှာဆော့ ကစားနေတုန်း မိခင်ကဓါတ်ပုံ ရိုက်လိုက်ရာကနေ အနီရောင် သန်းနေတဲ့ ပုံရိပ်ဟာ အဖိုးပုံရိပ်ပေါ်လာခဲ့ပါတယ်။
(၅) အင်ဒီရားနားမှာရှိတဲ့ အခန်းသုံးခန်းပါစာကြည့်တိုက်မှာ Willard စာကြည့်တိုက်သရဲဟာ CCTV မှာတောင်ပေါ်တက်တယ်လို့ သိရပါတယ်။ အခုမြင်ရတဲ့ပုံကတော့ ကလေးစာကြည့်တိုက် ခန်းထဲမှာ သွားလာနေတဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။
Source : သံ ဇဉ် မိုးဇတ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။