မိန်းကလေးတိုင်း ဒီခံစားချက်မျိုး ခံစားဖူးကြမှာပါ ။

အထည်ချုပ်ဖို့အပ်ပြီး အချိန်မှန်မရတဲ့ ပြသာနာပေါ့ ။

ခုလဲ မိုးယုစံတစ်ယောက် အကျီီချုပ်တဲ့သူကိုပေါက်ကွဲနေပါတယ် ။

သူဘာကြောင့်စိတ်ဆိုးရသလဲ ဆိုတာကိုအောက်ပါအတိုင်းပြောပြထားပါတယ် ။

" နောက်ဆို ကိုယ့်အကျႌ ကိုယ့်ဘာသာ ချုပ်ဝတ်ရမလိုဖြစ်နေပီ ပေးထားတဲ့ ချိတ်တွေ အစတွေ ပြင်ခိုင်းထားတာတွေ ချုပ်ခိုင်းထားတာတွေ ၃လလောက်ရှိပီမလာ မလုပ်နဲ့တော့ဆိုလည်းမရ ရသလောက်ပဲ ပေးတော့ဆိုလည်းမရ ပြောတဲ့ရက်တွေလည်းမနည်းတော့ဘူး ကတိမတည်တာ ရက်ချိန်းမမှန်တာ အဆိုးဆုံးပဲ ဒီကလူလည်း အလုပ်ကိစ္စနဲ့လေ အပ်ထားတာ မရတော့ လက်ခံထားတဲ့အလုပ်ကို ဘာအကျႌနဲ့သွားရမလဲပြော နောက်မှသေချာရေးတော့မယ် နာမည်နဲ့တကွ ဒီလိုတခါမှမကြုံဖူးဘူး ဒါပဲ လို့ပဲပြောတော့မယ် ? (အော်တခါထဲ ဘယ်တော့ရမလဲ ပြောပေးပါ ဒါကလည်းချုပ်ခိုင်းတာမဟုတ်ပါ ရသလောက်ပီးသလောက်ကိုပဲ ပေးထားတာယူမှာပါလို့ တပတ်တွင်းပေးပေးပါ မပေးရင်တော့ ကျွန်မလည်းမယူတော့ပါဘူး အားလုံးယူထားလိုက်ပါ တခုပါပဲ ...စိတ်တော့ဆိုးမသွားနဲ့ပေါ့နော်)??? " တဲ့ ။

မိန်းကလေးပရိတ်သတ်တွေကတော့ ဘဝတူတွေပါလို့ နှစ်သိမ့်ပေးနေလေရဲ့ ။

ဒီကပရိတ်သတ်တွေထဲမှာရော ဘဝတူတွေရှိလားဗျိုး ?

Source : Moe Yu San 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။