သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ လက်ရှိမှာ ဥရောပကိုမိသားစုလိုက် တစ်ပျော်တစ်ပါးကြီး ခရီးထွက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ဥရောပမှာရှိတဲ့ နာမည်ကြီးနိုင်ငံတွေကို စုံလင်အောင် လျှောက်လည်နေတဲ့ မေမြင့်မိုရ်က အခုတော့ ပဲရစ်မြို့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒီခရီးစဉ်လေးမှာတော့ မေမြင့်မိုရ်နဲ့အတူ ချစ်ဖေဖေ၊ ချစ်မေမေနဲ့ မောင်လေး သျှင်းမြတ်တို့ပါဝင်တာ ဖြစ်ပါတယ်။

Photo Credit-May Myint Mo's FB
Photo Credit- Shinn Myat's FB
Photo Credit-May Myint Mo's FB

ပရိသတ်တွေကတော့ ချစ်ချစ်ခင်ခင်နဲ့ ပျော်ရွှင်နေကြတဲ့ မေမြင့်မိုရ်တို့မောင်နှမနှစ်ယောက်ကိုကြည့်ပြီး အချစ်ပိုနေရတာ ဖြစ်ပါတယ်။ မေမြင့်မိုရ်တို့မောင်နှမနှစ်ယောက်က ရုပ်ချင်းဆင်ကြသလို နှစ်ယောက်စလုံးကလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။ အခုလည်း သျှင်းမြတ်က အစ်မဖြစ်တဲ့မေမြင့်မိုရ်နဲ့အတူ ရိုက်ကူးထားတဲ့ Netherlands နိုင်ငံရောက် အမှတ်တရပုံလေးတွေကို တင်ထားပါတယ်။

Photo Credit- Shinn Myat's FB
Photo Credit-May Myint Mo's FB
Photo Credit- Shinn Myat's FB
Photo Credit-May Myint Mo's FB

မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့နှစ်ယောက်က Netherlands နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Amsterdam မှာ အတူတူလျှောက်လည်ခဲ့ကြတာ ဖြစ်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် စနောက်ကျီစယ်ရင်း ပျော်ရွှင်နေတဲ့ မေမြင့်မိုရ်တို့မောင်နှမရဲ့ပုံရိပ်လေးတွေကလည်း တကယ့်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေမြင့်မိုရ်နဲ့ သျှင်းမြတ်တို့မောင်နှမနှစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-May Myint Mo's FB & Shinn Myat's FB

Photo Credit-May Myint Mo's FB
Photo Credit- Shinn Myat's FB
Photo Credit-May Myint Mo's FB
Photo Credit- Shinn Myat's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။