ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ "တစ်စုံတစ်ယောက်နဲ့ စကားလက်ဆုံကျတဲ့အခါမှာ နှစ်လိုဖွယ်ဖြစ်အောင် ဘယ်လိုဖန်တီးမလဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ ဆွေးနွေး တင်ဆက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ လူမှုပေါင်းသင်းဆက်ဆံရေးအတွက် အကျိုးရှိမယ်လို့ ရယ်ရွယ်ပြီး ပြောပြပေးမှာပါ...။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ သူရဲ့ မျက်လုံးကိုကြည့်ပြီး စကားပြောခြင်းက အာရုံစိုက်တဲ့ဆိုတဲ့ သဘောကို ရယ်ညွှန်းတာပါ....။

photo credit pngtree

ဒါကြောင့်မလို့ စာဖတ်ပရိသတ်ကြီးအနေနဲ့ ကိုယ်ကပြောတာပဲဖြစ်ဖြစ်၊ သူပြောတာကိုနားထောင်တာပဲဖြဖြစ် မျက်စိလွှဲတာတို့၊ ဟိုကြည့်ဒီကြည့်နဲ့ မျက်စိကစားတာတို့ မပြုလုပ်ဘဲ မျက်လုံးကိုတည်ငြိမ်စွာထားပြီး ကြည့်ပြောရမှာပါနော်...။ ထိုကဲ့သို့ ပြုလုပ်ခြင်းက လူတွေရဲ့ အာရုံစိုက်မှု၊ ချစ်ခင်နှစ်သက်မှုကိုရရှိစေပြီး၊ လုပ်ငန်းခွင်အင်တာဗျူးဖြေဆိုရာတွင် အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်..။ သင်ရဲ့ ပတ်ဝန်းမှာရှိတဲ့ သူတွေနဲ့ စကားလက်ဆုံကျတာတို့၊ စကားစမြည်ပြောကြတဲ့အခါတို့မှာ ဆွေးနွေးတာလေးတွေကိုပြုလုပ်ပေးရမှာပါ...။

photo credit pngtree

ဥပမာ စာကြည့်တိုက်တို့၊ ပြတိုက်တို့ရောက်တဲ့အခါမှာ ကိုယ်စိတ်ဝင်စားတဲ့ စာပေ၊ ဒါမှမဟုတ် ဗိသုကာလက်ရာတွေ၊ သမိုင်းကြောင်းတွေကို တစ်စုံတစ်ယောက်နဲ့ ပြောဆိုဆွေးနွေးတာမျိုးတွေ ပြုလုပ်ရမှာပါ..။ မျက်နှာစိမ်းဖြစ်နေတာမလို့ လူရှိန်တဲ့၊ လူကြောက်တဲ့ စိုးရိမ်စိတ်တွေကို မထားဘဲ သူလည်းကိုယ့်လိုပဲ ဆွေးနွေးချင်မယ်၊ ဗဟုသုတွေမျှဝေချင်မယ် ဆိုတဲ့စိတ်ကိုအရင်းခံပြီး သူ့ဘက်ကမစတာတောင်၊ ကိုယ့်ဘက်ကစပြီး စကားလမ်းကြောင်း ဖန်တီးရမှာဖြစ်ပါတယ်...။ အကျိုးရှိတဲ့ "conversation" တစ်ခုကိုဖန်တီးလိုက်ခြင်းဖြင့် သင်ရဲ့ စကားပြောစွမ်းရည်ကိုတိုးမြှင့်ပြီးသားဖြစ်သလို တစ်ဖက်သူရဲ့ အမြင်မှာလည်း ဖော်ရွေစွာ စကားပြောတတ်တဲ့သူဆိုပြီး နှစ်လိုဖွယ်အမှတ်ရနေစေမှာပါ...။ တစ်စုံတစ်ယောက်နဲ့ စကားပြောတဲ့အခါမှာ ဟာသလေးတွေကောနှောပြီး ပြောတတ်ခြင်းကလည်း သင်တို့နှစ်ယောက်ရဲ့ "conversation"ကို မပျင်းရိသွားအောင်ထိန်းထားနိုင်သလို သင့်အပေါ် တစ်ဖက်သူရဲ့ နှစ်လိုဖွယ်ဖြစ်ခြင်းကိုလည်း ဖန်တီးပြီးသား ဖြစ်ပါတယ်...။

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။