သရုပ်ဆောင် မင်းသားချော ကောင်းပြည့်နဲ့ မင်းသမီးချောလေး သန္တာဗိုလ်တို့ချစ်သူနှစ်ဦးကတော့ ပရိသတ်တွေအားကျချစ်ခင်ရတဲ့ အနုပညာရှင်စုံတွဲတွေထဲမှာ အပါအဝင် ဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းထက်မှာ အတူတူလျှောက်လှမ်းနေကြတဲ့ သူတို့စုံတွဲလေးက တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိလက်တွဲလာခဲ့ကြတာ ချစ်သူသက်တမ်း (၇) နှစ်ကျော်ရှိနေပြီ ဖြစ်ပါတယ်။

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

အချိန်တွေဘယ်လိုပြောင်းလဲသွားပေမယ့် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့ချစ်သူနှစ်ဦးက အချစ်တွေအပြည့်နဲ့ လက်တွဲခိုင်မြဲနေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ချစ်သူနှစ်ဦးက ပွဲအခမ်းအနားလေးတွေ အတူတက်ရောက်ကြသလို အနုပညာလှုပ်ရှားမှုတွေလည်း အတူလုပ်ကိုင်နေကြပါတယ်။ အခုလည်း သန္တာဗိုလ်က ကောင်းပြည့်နဲ့အတူ ရိုက်ကူးထားတဲ့ ဗီဒီယိုအသစ်လေးကို Tik Tok မှာတင်ထားပါတယ်။

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

ဒီဗီဒီယိုလေးမှာတော့ သန္တာဗိုလ်က ဂိမ်းဆော့နေတဲ့ ကောင်းပြည့်ဆီကနေ Attention ရဖို့ အနားနားကပ်ပြီး ကလေးလေးလို အချွဲပိုနေတာ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့မြင်ကွင်းလေးကတော့ မြင်ရသူပရိသတ်တွေကိုပါ အားကျစေလောက်အောင် ကြည်နူးစရာကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကောင်းပြည့်နဲ့ သန္တာဗိုလ်တို့စုံတွဲလေးရဲ့ Tik Tok ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit- Thandar Bo's FB 

Photo Credit- Thandar Bo's FB
Photo Credit- Thandar Bo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။