လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝရဲ့ အောင်မြင်မှုနဲ့ ကြိုးစားမှုတွေကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒေဝကတော့ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။   

pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT

ဒေဝကတော့ ပြည်တွင်း လက်ဝှေ့ကလပ်တွေထဲမှာ တောင်ကလေး ကလပ်ကို အဓိကသွားရောက်လေ့လာသင်ယူလျှက်ရှပြီး မြန်မာ့လက်ဝှေ့ပညာရှင်တွေထံမှာ ရိုးရာလက်ဝှေ့ပညာကို ဆည်းပူးလျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ လေ့လာမှုတွေထဲမှာ မြန်မာလက်ဝှေ့ချန်ပီယ့ ဝင်းထွန်းနဲ့အတူ အခြားလက်ဝှေ့ချန်ပီယံဟောင်းကြီးတွေလည်း ပါရှိခဲ့ကြောင်း သိရပါတယ်။ ဒီကနေ့မှာလည်း ဒေဝကတော့ တောင်ကလေးကလပ်ဆရာတော်ထံမှ နာမည်ချီးမြောက်မှုကိုလက်ခံရရှိခဲ့ကြောင်း ရေးသားထားတာတွေ့ရပါတယ်။  

pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT

အဆိုပါ ဒေဝရဲ့ စာသားလေးကတော့ " တောင်ကလေးဆရာတော်နဲ့ တွေ့ခွင့်ရပြီး ဘဝနဲ့ လက်ဝှေ့အကြောင်း ဆွေးနွေးလျှောက်ထားခွင့်ရတာ ဂုဏ်ယူစရာပါ။ ဆရာတော်က တောင်ကလေးလက်ဝှေ့ကလပ်ကို နှစ်ပေါင်းများစွာ ပံ့ပိုးကူညီခဲ့တာ အခုအချိန်အထိပါ။ လက်ဝှေ့ဝါသနာကြီးတဲ့ ဆရာတော်ရဲ့ သဘောအကျဆုံးကစားသမားထဲမှာ ကျွန်တော်ပါတယ်လို့ သိခဲ့ရပါတယ်။ စောဒေဝဆိုတဲ့ နာမည်အသစ်ရလို့လည်း ကျွန်တော်အရမ်းဝမ်းသာပါတယ်" ဟူ၍ ရေးသားထားတာပဲဖြစ်ပါတယ်။ ကရင်လူမျိုးမြန်မာ့ချန်ပီယံတစ်ဦးဖြစ်လာတဲ့ စောဒေဝရဲ့ ဒီကနေ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS CREDIT - DAVE'S FB ACCOUNT 

pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT
pHOTOS CREDIT - DAVE'S FB ACCOUNT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။