မြန်မာဇာတ်ကား မကြိုက်တဲ့လူတွေကို ဝေဖန်လိုက်တဲ့ ဇင်ဝိုင်း

ေ-ာက်သည်းပေါက်လို့ပြောတယ်မှတ်

မြန်မာဇတ်ကားမကြိုက်သူများတွေ့ဆုံပွဲတဲ့

ကြိုက်သဗျာ အားပေးသဗျာ မှန်သပေါ့။

မြန်မာရုပ်ရှင်တွေညံ့သကိုး။

အဆင့်အတန်းမရှိပေဘူးကိုး။

စုတ်ပြတ်နေတာကိုး။

တစ်ခုလည်းမေးချင်မိပါရဲ့

ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ကြီးဆီ နှစ်ပေါင်း ၆၀ ကျော်

ချီတက်ပြီးသကာလ ကျုပ်တို့နိုင်ငံမှာ

ကျမ္မာရေး

ပညာရေး

စီးပွါးရေး

လူမှုရေး

စိုက်ပျိုးရေး

ဘယ်ကဏ္ဍတွေများ

တိုးတက်သွားပါသလည်း

နိုင်ငံတကာအဆင့်မှီသွားပါသလည်း။

နေရာဌာနအသီးသီး

နယ်ပယ်အရပ်ရပ်မှာအစစ

ယိုယွင်းပျက်ဆီးခဲ့ကြရတာမဟုတ်ပါလား။

တစ်ဦးနဲ့တစ်ဦး

တစ်ဖွဲ့နဲ့တစ်ဖွဲ့

တစ်ဌာနနဲ့တစ်ဌာန

လဲနေသူချင်း

ဖေးလို့ကူလို့ ထူကြထကြရမှာ။

ခုတော့ဗျာ

ရေနှစ်လို့သေငယ်ဇောနဲ့

ယက်ကန်ယက်ကန်ဖြစ်နေသူချင်း

မျက်ခွက်ဖနှောင့်နဲ့ပေါက်လိုက်သလိုပါပဲ။

မြန်မာ့ရုပ်ရှင်နှိမ့်ကျနေပါပြီ

စတူဒီယိုတွေနထ္တိ

ရုပ်ရှင်ရုံတွေမရှိ

ပညာရှင်တွေမျိုးဆက်ပြတ်

စုတ်ပြတ်နေပါပြီလို့ ရုပ်ရှင်သမား

တွေအကြိမ်ကြိမ်ဝန်ခံခဲ့ပြီးသားပါ။

ဒါတွေဘယ်ရောက်ကုန်လည်းသိချင်

ရုပ်ရှင်လောကရဲ့ စတူဒီယိုကြီးတွေ ရုပ်ရှင်ရုံတွေ ရုပ်ဝထ္တုပစ္စည်း

အရပ်ရပ်ကို ရောင်းချဝါးမျိုသွားကြတဲ့

သွားလေသူခင်ဗျားတို့အဘတွေသာလိုက်မေးကြပေရော့။

ဒီစုတ်ပြတ်သတ်နေတဲ့ပြာပုံထဲက

ရုပ်ရှင်သမားတွေ ကုန်းရုံးထဖို့

ကြိုးစားနေတာပါ။

အပြုသဘောဝေဖန်ရေးဆိုတာကိုလည်း

လက်ခံပါတယ်။

သို့ပေမဲ့ စေတနာမပါ စောင်းမြောင်း တိုက်ခိုက် ဆဲဆို နေခြင်းများကိုတော့

လက်မခံနိုင်ပါ။

မြန်မာ့ရုပ်ရှင်မကြည့်တာ အပြစ်မမြင်ပါဘူး။

ကြည့်လာအောင်ကြိုးစားရမှာရုပ်ရှင်သမား

တွေတာဝန်ပါ။

ဒါပေမဲ့

မြန်မာဇတ်ကားမကြည့်ဘူးပြောယင်ပဲ

ကိုယ့်ကိုကိုယ်အတော်အဆင့်မြင့်သွားပြီ

အထင်နဲ့ မြန်မာ့ရုပ်ရှင်ကို အထက်စီးက

ထိုးနက်တိုက်ခိုက်နေတာကတော့ အတော့်

ကိုလွဲသွားပါပြီ။

ခင်ဗျားတို့တိုက်ခိုက်နေတဲ့ရုပ်ရှင်လောက ဘာ့ကြောင့်ဘယ်သူတွေကြောင့်

ဒီလောက်နှိမ့်ပါးသွားရလည်းအရင်လေ့လာလိုက်ပါအုန်း။

အဲ့လိုလူများကိုလည်းမေးချင်မိပါတယ်

ခင်ဗျားတို့ကော ခင်ဗျားတို့ကိုယ်တိုင်နဲ့

ခင်ဗျားတို့ကိုယ်စားပြုတဲ့လောကအသီးသီး

တိုးတက်နေပြီ နိုင်ငံတကာအဆင့်မှီနေပြီလို့

ယူဆကြပါသလား။

ခံယူထားကြပါသလား။

ခင်ဗျားတို့ကိုယ်တိုင်နဲ့ ခင်ဗျားတို့နယ်ပယ်အသီးသီး

ကိုရောကောင်းဖို့ကြိုးစားခဲ့ပြီးပြီလား။

ကောင်းဖို့ကြိုးစားနေပြီလား။

ကျုပ်တို့ရုပ်ရှင်သမား အဖက်ဖက်ကစုတ်ပြတ်နေသော်ငြား

ကိုယ့်နိုင်ငံကိုယ့်လူမျိုးအရေး ဘယ်တော့မှသွေးမအေးခဲ့ဖူးပါ။

ပြည်သူတွေရဲ့စစ်ဘေး သဘာဝဘေးကစ ကျမ္မာရေး ပညာရေး လူမှုရေး နိုင်ငံရေးနောက်ဆုံးသေရေးအထိနိုင်သမျှဝင်ထမ်းခဲ့တာ ဝင်ထမ်းနေတာ

ခင်ဗျားတို့ဆဲနေတဲ့ရုပ်ရှင်သမားတွေပါပဲ။

ကျုပ်တို့ကိုယ်တိုင်လည်း နိုင်ငံခြားကား

ကြိုက်တယ်မှတ်။ကျောင်း သင်တန်း ဘာမှ

မယ်မယ်ရမရှိတဲ့ကျုပ်တို့အတွက် နိုင်ငံခြား

ဇတ်ကားဆိုတာ ကျောင်းပဲ သင်တန်းပဲ

မြင်ဆရာကြားဆရာပဲ။

နိုင်ငံခြားဇတ်ကားဖမ်းလို့မြန်မာ့ရုပ်ရှင်တိုး

တက်မယ်လို့ ဘယ်ရုပ်ရှင်သမားကမှမထင်

ဘူး။ဘယ်ရုပ်ရှင်သမားမှလည်း နိုင်ငံခြား

ဇတ်ကားမဖမ်းခိုင်းဘူးပါ။

ကျုပ်တို့တောင်းတာက ကျုပ်တို့တရားဝင်နိုင်ငံတော်ကို

အခွန်ဆောင်ပြီးထုတ်တဲ့ မြန်မာဇတ်ကား

မြန်မာသီချင်းစတာတွေကို ဥပဒေကိုချိုး

ဖေါက်ပြီးခိုးနေကြတဲ့သူခိုးတွေကိုဖမ်းခိုင်းတာ။

ဒါကိုခင်ဗျားတို့အဘတွေရေးခဲ့တဲ့

၁၉၉၆ ခုနှစ်ဗီဒီယိုဥပဒေအရ ဥပဒေနဲ့မ

လွတ်လို့ လက်ညိုးလက်မ မခွဲ ရဲကဖမ်း

ရတာ။ငါ့တော့ဖမ်းပြီးသူတော့မဖမ်းဘူးဆိုယင်ရဲမှာလည်းပြုတ်စော်နံရရှာမှာ။

ဒါကိုမှမကျေနပ်ယင်

"နိုင်ငံခြားဇတ်ကားများအား လွတ်လပ်စွာခိုးယူရောင်းချ

ခွင့်ရှိသည်"

ဆိုတဲ့ဥပဒေအသစ် လွတ်တော်

အမတ်များကိုပြဌန်းခိုင်းကြပေရော့။

မင်းတို့လည်းခိုးချနေတာပဲတော့လာမပြောနဲ့

အဲဒီခိုးချနေတဲ့လက်တစ်ဆုပ်စာရုပ်ရှင်သမားလည်း နေ့နက်ဖြန်ခါ မူပိုင်ခွင့်ဥပဒေပေါ်လာ

ယင် ငြိမ်သွားမှာပါ။

ဒီကြားထဲ မရှိလို့လုပ်စားခိုးစားရတဲ့

ပြည်သူတွေမို့ခွင့်ပြုသင့်တယ်

ဆိုလာခဲ့ယင်တော့

ဆန်အိုးဟောင်းလောင်း ထမင်းနှစ်နှပ်

တစ်ထပ်ထဲပေါင်းစားရတော့မဲ့

ရုပ်ရှင် သဘင် တေးဂီတလောကရဲ့ ဇတ်ပို့ဇတ်ရံ အရေး အဆို အတီး

ဖြတ်လျှောက် ယိန်းသမ လူရွှင်တော်ကားဆွဲအပါအဝင် မီးထိုးမှန်ထိုး

နေ့စားအလုပ်သမားတွေနဲ့သိန်းချီရှိနေတဲ့

မိသားစုအပေါင်းကိုပင်လယ်ထဲမောင်းချယုံရှိပေတော့မှာပဲ။

သူတို့တွေကပြည်သူတွေမဟုတ်ပေပဲကိုး

ငတ်နေတဲ့အတူ သေအေးရောမဟုတ်လား။

လူထုခေါင်းဆောင်ပြောတာက

=တရားဥပဒေစိုးမိုးရေး

=အမျိုးသားရင်ကြားစေ့ရေး

ခင်ဗျားတို့လုပ်နေတာက

=သူခိုးအားပေးရေး

=အုပ်စုဖွဲ့ရေး

=အချင်းချင်းတိုက်ခိုက်ရေး

မြန်မာဇတ်ကားမကြည့်သူများပြီးယင်

ဆက်ပြီးလဲလုပ်ကြပါအုန်း တိုက်တွန်းပါတယ်။

မြန်မာသီချင်းနားမထောင်ချင်သူများ

မြန်မာဇတ်သဘင်မကြည့်ချင်သူများ

မြန်မာဝတ္ထုမဖတ်ချင်သူများ

မြန်မာဂျာနယ်မကိုင်ချင်သူများ

မြန်မာဆေးရုံမသွားချင်သူများ

မြန်မာဆရာဝန်မပြချင်သူများ

မြန်မာကျောင်းမထားချင်သူများ

မြန်မာဌာနဆိုင်ရာမသွားချင်သူများ

မြန်မာတရားရုံးမသွားချင်သူများ

မြန်မာဘတ်စ်ကားမစီးချင်သူများ

မြန်မာစကားမပြောချင်သူများ

များ

များ

များ

နောက်ဆုံး

မြန်မာပြည်တွင်မနေချင်သူများအထိပေါ့။

ဒီလိုလုပ်လို့ကျုပ်တို့တိုင်းပြည်တိုးတက်မယ်

ထင်ယင်ပေါ့လေ။

ဒီပုံနဲ့တော့ သွားချင်တဲ့ခရီး

အဝေးကြီးဖြစ်နေမှာအသေအချာပါပဲ။

ထပ်ပြောလိုက်ပါမယ်

မြန်မာရုပ်ရှင် မြန်မာသီချင်း

မြန်မာဇတ်သဘင် မြန်မာအငြိမ့်

မကြိုက်တာ မကြည့်တာ

နားမထောင်တာ မဝယ်တာ

အပြစ်မပြောပါ။

စိတ်မဆိုးပါ။

အဲ ခိုးပြီဆိုယင်တော့

ဥပဒေကကြည့်နေမှာမဟုတ်ပါကြောင်း

ပြောင်းလဲချိန်တန်ပြီ။

မှတ်ချက်=ခိုးကူးဖမ်းပဟေ့ဆိုတိုင်း

အစဆွဲ အညောင့်ထောင်

လမ်းကြောင်းလွှဲ မြန်မာ့ရုပ်ရှင်ကိုတိုက်ခိုက်နေသူများကိုတိုက်ရိုက်ရည်ညွှန်းပါသည်။

ဟု ဇင်ဝိုင်းမှ သူ့facebook တွင်တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။