လူငယ်ကြိုက်သီချင်းများစွာနဲ့ပရိသတ်တွေကြားမှာနာမည်ကြီးရေပန်းစားနေတဲ့သူကတော့ အဆိုတော်အားတီပါ။ သူ့ရဲ့သီချင်းများစွာဟာလည်း လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက်ရှိတာပါ။ အောင်မြင်တဲ့အဆိုတော်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။

Photo Credit- Thiha Tun’s Facebook Account
Photo Credit- Thiha Tun’s Facebook Account

သူဟာ အမိုက်စားတီးလုံးတွေဖန်တီးတတ်ပြီး အမြဲခပ်မိုက်မိုက် ကိုယ်ပိုင်သီချင်းလေးတွေ ရေးသားသီဆိုသူတစ်ဦးပါ။ သူ့ကိုတော့" ညမွှေးပန်း " သီချင်းလေးနဲ့ ပရိတ်သတ်တွေပိုပြီး သတိထားမိလာတာလည်း ပါ။ အားတီဟာMusic Video လေးတွေရိုက်ကူးရာတွင်လည်း ဆန်းသစ်တဲ့ Idea လေးတွေနဲ့ပုံဖော် ရိုက်ကူးတတ်သူပါ။

Photo Credit- Thiha Tun’s Facebook Account
Photo Credit- Thiha Tun’s Facebook Account

အခုတစ်ခေါက်မှာလည်း သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဗီဒီယိုလေးတစ်ခုတင်ထားတာပါ။ ဒါကတော့ အဆိုတော်တင်ဇာမော်ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ " ဧည့်သည် " ဆိုတဲ့သီချင်းလေးကို အဆိုတော်ဂျူဝယ်နဲ့တွဲဖက်ကာ အသံပါဝါအားကောင်းကောင်းနဲ့သီဆိုထားတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Thi Ha Tun’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။