ပိုပိုကတော့ ခုတလောမှာ အလှုအတန်းတွေ အများအပြားလုပ်နေတာကိုတွေ့မြင်ရပါတယ် ။

ခုလဲ ရေချမ်းစင်လေး ဆောက်လုပ်ပြီးလှုဒါန်းလိုက်ပြန်ပါပြီ ။ 

" သဘာဝ ဓနိမိုး ရေအိုးစင်လေး လုပ်ချင်နေတာ တော်တော် ကြာပြီ သဲအိုး ဝယ်ထားတာ ၁ဝရက် ရေထဲစိမ်ထားတယ် ၂ရက် လောက် ကြိုးစားလိုက်တာ ပြီးသွားပြီ အေးအောင်လို့ ဓနိနဲ့ မိုးတယ် သစ်ပင် ၂ပင်ကြား ထားဆောက်တယ် အရိပ်လဲရ ပြီးတော့ သဲအောက်ခံထားတယ် အပင်တွေစိုက်ထားတယ် နောက် ထပ်စိုက်ပြီး အလှဆင်ဦးမယ် အိမ်ရှေ့ လမ်းသွားလမ်းလာတွေ နွေရာသီ ပူမှာစိုးလို့ ရေသန့် ထည့်ပေးထားတယ် ကိုယ်တိုင် ကြပ် မတ်အလှဆင်ထားတဲ့ ☺️?I love ❤️my မေတ္တာရိပ် ရေအိုးစင် .my pleasure my happiness..စပါးပင်လေးစိုက်မလို့ စပါးတွေ့ရင် ဝယ်ခဲ့ ငှက်လေးတွေလဲ ကျွေးမလို့ my sis "

ဆိုပြီး သူ့ရဲ့အလှုလေးအကြောင်းကိုလှုမှုကွန်ယက်ကတစ်ဆင့်ပြောပြထားပါတယ် ။

ဒီဘက်ခေတ်မှာ ဒီလိုရေချမ်းစင်လေးတွေကတွေ့ဖို့ရှားပါးသွားပြီဖြစ်တဲ့အတွက် ပိုပိုရဲ့ စိတ်ကူးလေးကောင်းတယ်ဆိုရမှာပါ ။

သူလှုဒါန်းထားတဲ့ရေချမ်းစင်က ရေကို ဝိုင်းသောက်နေကြတဲ့ကလေးတွေကိုကြည့်ပြီးလဲပျော်ရွှင်နေပါသေးတယ် ။

ပရိတ်သတ်ကြီးလဲ ပိုပိုရဲ့ အလှုကိုသာဓုခေါ်ဆိုလိုက်ရအောင်နော် ...

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။