အဆိုတော်၊ သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ရွှေမှုန်ရတီတို့စုံတွဲလေးကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ဇနီးမောင်နှံစုံတွဲလေးဆိုတာ အားလုံးကသိပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ စစတွဲချင်းမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သူတို့စုံတွဲလေးက လက်ရှိမှာတော့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သည်ဘဝလေးကို ပိုင်ဆိုင်ထားကြပြီ ဖြစ်ပါတယ်။
အရမ်းကို Romantic ဆန်ဆန်ချစ်တတ်ကြတဲ့ ရွှေရွှေတို့စုံတွဲလေးက အနုပညာအလုပ်တွေကို အတူလုပ်ကိုင်ရင်း ပရိသတ်အချစ်တွေကိုခံယူထားကြတာ ဖြစ်ပါတယ်။ ရွှေထူးကလည်း ချစ်ဇနီးလေးအတွက် အစစအရာရာ ဂရုစိုက်ပြီး ချစ်တတ်သလို ရွှေမှုန်ကလည်း ချစ်ခင်ပွန်းအတွက် အချက်အပြုတ်ကအစ တာဝန်ကျေတဲ့ဇနီးကောင်းတစ်ယောက် ဖြစ်ပါတယ်။ အခုလည်း ရွှေထူးက ချစ်ဇနီးချောလေးရွှေမှုန်နဲ့ပုံလေးကို အသစ်တင်ထားပါတယ်။
ရွှေထူးက အိပ်မောကျနေတဲ့ ချစ်ဇနီးလေးရွှေမှုန်ကိုမှီရင်း ရိုက်ကူးထားတဲ့ပုံလေးနဲ့အတူ " ချစ်တယ် မိန်းမ " ဆိုပြီးတင်ထားတာပဲ ဖြစ်ပါတယ်။ ရွှေထူးတစ်ယောက် သူ့ရဲ့ချစ်ဇနီးလေးကို ဘယ်လောက်ချစ်ကြောင်းနဲ့ အသေးစိတ်ကအစ လိုက်ဂရုစိုက်တတ်တာကိုလည်း ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရွှေထူးနဲ့ ရွှေမှုန်ရတီတို့ဇနီးမောင်နှံရဲ့ ကြည်နူးအားကျချင်စရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit-Htoo Khant's FB & Shwe Mhone Yati's FB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။