ကဲ...ချစ်ပရိသတ်တို့ရေ...လူသားဆန်ဆန်စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာလက်တွေ့တွေ့နိုင်ပြီဆိုရင်ပရိသတ်တို့ယုံကြမလားမသိဘူး။ ဒီတီထွင်မှုဟာဆိုရင် ကြာခဲ့ပြီဆိုပေမယ့် တကယ်ကိုသမိုင်းဝင်တီထွင်မှုကြီးဖြစ်ခဲ့တာမို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ Frank ဟာ လမ်းလျှောက်ဖို့ စကားပြောဖို့နဲ့ အသက်ရှု နိုင်ဖို့ အတွက် လူအင်္ဂါ အတုတွေကိုထည့်သွင်းထားရတဲ့ ကမ္ဘာ့ပထမဆုံးသောလူတစ်ပိုင်းစက်ရုပ်တစ်ပိုင်း စက်ရုပ်ဖြစ်ပါတယ်။ Frankအတွက် လူခန္ဓာကိုယ်အတုအစိတ်အပိုင်း၂၈ခုကို တစ်ကမ္ဘာလုံးကသုသေသနဌာန တွေကလှုဒါန်းခဲ့ရပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

ခန္ဓာကိုယ်အတုအစိတ်အပိုင်းတွေကလည်း တစ်သျှူးတွေနဲ့တည်ဆောက်ထားပြီးတော့ သူ့ကိုလူအဆုတ်တု နှလုံးတုများကိုထဲ့သွင်း ပေးထားတဲ့အတွက် သွေးလှည်ပတ်စေပြီး အပူချိန်ထိန်းညှိနိုင်တဲ့အပြင် ထိတွေ့မှုအာရုံခံနိုင်ရန် အာရုံခံကိရိယာပေါင်း တစ်သန်း ထည့်သွင်းထားပေးထားပါတယ်။ အင်ဂျင်နီယာတွေက စက်ရုပ်ကို အဆုတ် နှလုံး တပ်ဆင်ပေးထားပေမဲ့ ဦးနှောက်ထည့်မပေးထားဘဲ လမ်းလျှောက် စကားပြော အမေးအဖြေလုပ်ဖို့ အားလုံးကိုComputerနဲ့ ချိတ်ဆက်ကာ Bluetoothအဝေးထိမ် စနစ်ဖြင့်ပြုလုပ်ထားပါကြပါတယ်။ စက်ရုပ်မှာ ဆားကစ် Circuit ပေါင်း၇၀ နဲ့ သီးခြား မော်တာ ၂၆ လုံးကိုလည်းတပ်ဆင်ထားပါတယ်။မျက်နှာကိုတော့ Frank ကိုတီထွင်သူ ဒေါက်တာ Bertolt Meyerရဲ့ မျက်နှာပုံတူကို ဆီလီကွန် အရည်ပြားနဲ့ ပြုလုပ်ထားပါတယ်။

Photo Source : သံ ဇဉ် မိုးဇတ်

ဒေါက်တာ Meyerကိုယ်တိုင်ကလည်း စက်လက်အတု တပ်ဆင်ထားသူတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ စက်ရုပ်ကို လူသားတွေနဲ့အစားထိုးဖို့မဟုတ်ဘဲ သူ့လိုကိုယ်ခန္ဓာအစိတ်အပိုင်းပျက်စီးခဲ့တွေကို ပြန်လည်အစားထိုးပေးဖို့သာရည်ရွယ်ထားခဲ့ပါတယ်။Frank စက်ရုပ်ကိုZurichတက္ကသိုလ်ကဒေါက်တာBertolt Meyer ကပုံစံရေးဆွဲကာ လန်ဒန်Shadow Robot အင်ဂျင်နီယာ အဖွဲ့ကတည်ဆောက်ပေးခဲ့တာပါ။ယနေ့အချိန်မှာတော့ဝါရှင်တန်ကSmithsonian ပြတိုက်မှာFrankကို ပြသထားပါတယ်။ ကဲ... ဒါတောင် ကမ္ဘာ့ပထမဆုံး လူသားတစ်ပိုင်းစက်ရုပ်ဖြစ်ပြီးတော့ အတော်လည်းကြာခဲ့ပါပြီ။ ဒီတော့ နောက်ထပ်၁၀စုနှစ်တစ်ခုမှာထွက်လာမယ့် စက်ရုပ်တွေကတော့ ဘယ်လောက်တောင်အဆင့်မြင့်လိမ့်မလဲဆိုတာ မစဉ်းစားရဲတော့လောက်အောင်ပါပဲ ပရိတ်သတ်တို့ရေ..... 

Photo Source : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။