မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ပက်ထရစ်ရှာကတော့ အသားအရေလေးက ဖြူဖွေးနုဖတ်သလို ဘိုဆန်တဲ့မျက်နှာလေးနဲ့ အရမ်းလှတာကြောင့် နိုင်ငံခြားသူလေးလို့တောင် ထင်မှတ်ရသူလေး ဖြစ်ပါတယ်။ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ ဝတ်ဆင်တတ်တဲ့ ပက်ထရစ်ရှာက အမြဲလိုလို အထာကျကျဖက်ရှင်တွေနဲ့ အပြတ်အသတ်ဂေါ်နေတတ်တာလည်း ဖြစ်ပါတယ်။

Photo Credit- Sue Sha Naing's FB
Photo Credit- Sue Sha Naing's FB
Photo Credit- Sue Sha Naing's FB

ရှာရှာလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်ကြတဲ့ သူမက ဗီဒီယိုဇာတ်ကားလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့သလို နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကား ကြီးတွေ ရိုက်ကူးခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပက်ထရစ်ရှာက မော်ဒယ်အဖြစ် Photo Shooting တွေလည်း ဆက်တိုက်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ပက်ထရစ်ရှာက အမိုက်စားဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိရှိ အလှတွေပိုနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Photo Credit- Sue Sha Naing's FB
Photo Credit-SHANE Photography
Photo Credit-SHANE Photography

မြင်သူတိုင်း အခါခါပြန်ကြည့်ရလောက်တဲ့ဖက်ရှင်နဲ့ အရမ်းလန်းနေတဲ့ ပက်ထရစ်ရှာက ဆွဲငင်အားပြင်းတဲ့ညို့မျက်ဝန်းတွေနဲ့ ဖမ်းစားနေတာလည်း ဖြစ်ပါတယ်။ ပက်ထရစ်ရှာရဲ့ပုံရိပ်လေးတွေကတော့ သူမရဲ့ဖြူဖွေးဝင်းမွတ်တဲ့ ကျောပြင်အလှကို အထင်းသားမြင်တွေ့ရပြီး စတိုင်အပြည့်နဲ့ အထာကျနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပက်ထရစ်ရှာရဲ့အမိုက်စားပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Sue Sha Naing's FB & SHANE Photography 

Photo Credit-SHANE Photography
Photo Credit-SHANE Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။