ပရိသတ်ကြီးကို အခုတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က နစ်မြုပ်ခဲ့တဲ့မြို့ကြီးတစ်မြို့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ အီဂျစ်နိုင်ငံရဲ့ မြောက်ဖက်က မယ်ဒီတာရေးနီးယန်း ပင်လယ်( Mediterranean Sea) ထဲမှာ တည်ရှိနေတဲ့ ဆိပ်ကမ်းမြို့တော်ကြီးတစ်ခုဟာ ခန့်မှန်းခြေ လွန်ခဲ့တဲ့နှစ်ပေါင်း 1200 ခန့်ကနစ်မြုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မြေကြီးထဲကို နစ်မြုပ် နေတဲ့အချိန် အဆိုပါမြို့တော်ကြီးဟာ သဲတွေကြားကနေ ပင်လယ်ရေ တိုက်စားမှုကြောင့် တဖြည်းဖြည်းချင်း လျှို့ဝှက်စွာ ပြန်လည် ပေါ်ထွက် လာခဲ့ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

ပင်လယ်ရေအောက်တွေ့ရှိချက်တွေကတော့ ကုန်စည် သယ်ယူပို့ဆောင်ခဲ့တဲ့ သင်္ဘောကြီးတွေ အစီး 60 လောက် နှင့် ကျောက်စူးကြိုးများ ၊ဘုရားရှိခိုး ကျောင်းဆောင်ကြီးများ ဟာ ရေအောက်ထဲမှာ နစ်မြုပ် တည်ရှိနေကြတာပဲ ဖြစ်ပါတယ်။ ဒီမြို့တော်ကြီးကို လက်ရှိ အီဂျစ်နိုင်ငံကမ်းရိုးတန်း အလွန် 6.5 ကီလို မီတာအကွာမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ဘာကြောင့် ဒီလို နစ်မြုပ်ခဲ့လဲဆိုတဲ့ အယူအဆတွေလည်း ထွက်ရှိလို့ လာခဲ့ပါတယ်။ မိရိုးဖလာ ဘာသာကို ယုံကြည်သူတွေကတော့ အပြစ်ရှိသူတွေကို ရေကြီးခြင်းများ၊

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

မုန်တိုင်းထန်စေခြင်းများ မြေငလျင်ကြီးများဖြင့် ဖြင့် အပြစ်ပေးလေ့ရှိတဲ့ နတ်ဘုရား တစ်ပါး ပိုဆိုက်ဒွန် ဟာ အကျင့်ပျက်နေပြီဖြစ်တဲ့ အဆိုပါမြို့ကို နှစ်မြုပ်ပစ် ခဲ့တယ်လို့ ဆိုပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲ နစ်မြုပ်ခဲ့ပါစေ အခုလို သမိုင်းဝင်အမွေအနှစ်တစ်ခု ထပ်မံတွေ့ရှိလိုက်ခြင်းဟာ အီဂျစ်နိုင်ငံ အဖို့ တစ်ကယ်ကို အဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်တစ်ခုကို ရရှိလိုက်တာကြောင့်နောင်လာနောက်သားတွေ အတွက် ဗဟုသုတအသစ်တွေကိုလည်း ထပ်မံသိသွားစေနိုင်မှာပဲ ဖြစ်ပါတယ်ခင်ဗျာ...

Photo Credit : သံ ဇဉ် မိုးဇတ်
Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။