သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ပြောင်မြောက်တဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ "3 Girls " ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ ပိုင်ဖြိုးသုက ကျရာဇာတ်ရုပ်တိုင်းကို သဘာဝကျကျနဲ့ အသက်ဝင်ပီပြင်လာအောင် အကောင်းဆုံးသရုပ်ဆောင်နိုင်တာလည်း ဖြစ်ပါတယ်။
ဒါရိုက်တာဏကြီးနဲ့ လက်ထပ်ထိမ်းမြားခဲ့တဲ့ ပိုင်ဖြိုးသုက ခင်ပွန်းသည်နဲ့အတူလက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံက မော်ဒိုက်ကမ်းခြေကို ပျော်ပျော်ရွှင်ရွှင်နဲ့ အပန်းဖြေခရီးထွက်ခဲ့ကြပါတယ်။ အခုလည်း ပိုင်ဖြိုးသုက မော်ဒိုက်ခရီးစဉ်လေးက အမှတ်တရပုံရိပ်လေးအချို့ကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားပါတယ်။
ပိုင်ဖြိုးသုက သာယာလှပတဲ့မော်ဒိုက်ကမ်းခြေလေးကို နောက်ခံထားပြီး ရေပေါ်ဒန်းလေးပေါ်မှာ အလှပဆုံးဓာတ်ဖမ်းခဲ့တဲ့ ပုံလေးတွေကို အသစ်တင်ထားတာပဲ ဖြစ်ပါတယ်။ သဘာဝတရားကြီးနဲ့အပြိုင် လှချင်တိုင်းလှနေတဲ့ ပိုင်ဖြိုးသုကတော့ တကယ့်ကိုချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ပိုင်ဖြိုးသုရဲ့ မော်ဒိုက်ရောက် အမှတ်တရပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit-Paing Phyoe Thu's Facebook & Instagram
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။