ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းကတော့ အနုပညာအလုပ်တွေကိုတစိုက်မက်မက်လုပ်ကိုင်ရင်း ပရိသတ်တွေရဲ့အချစ်ကိုရရှိခဲ့တာဖြစ်ပါတယ်။နန်းမြတ်ဖြိုးသင်းက တိုင်းရင်းသူလေးတစ်ယောက်ဖြစ်ပြီး စိတ်ထားလေးကလည်း ဖြူစင်ရိုးသားကာ သဘောကောင်းဖော်ရွေတတ်သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း သူမကိုအရမ်းချစ်ကြပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

နန်းမြတ်ဖြိုးသင်းရဲ့ ချစ်ခင်ပွန်းကလည်း ချစ်ဇနီးလေးကို အရမ်းချစ်ပြီး ကြင်နာယုယပေးကာ တစ်ဦးတည်းသောသားလေး Jack Jack လေးကိုလည်း သေချာပြုစုစောင့်ရှောက်ပါတယ်နော်။နန်းမြတ်ရဲ့သားလေးက ချစ်ခင်ပွန်းနဲ့ချွတ်စွတ်တူပြီး အရမ်းချစ်စရာကောင်းလို့ ပရိသတ်တွေကလည်း Jack Jack လေးကို ချစ်ကြပါတယ်။မေမေနန်းမြတ်ကတော့ သားလေးဘေးနားမှာနေပြီး ပြုစုစောင့်ရှောက်နေရတာကြောင့် အနုပညာအလုပ်တွေနဲ့တော့ နည်းနည်းအလှမ်းဝေးကွာနေပါတယ်နော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

Jack Jack လေးကတော့ အခုဆိုရင် ၄လကျော်သွားပြီဖြစ်ပြီး မေမေနန်းမြတ်ရဲ့ဂရုစိုက်မှုတွေအောက်မှာ ၀၀ဖြိုးဖြိုး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာဖြစ်ပါတယ်။အခုဆိုရင်လည်း Jack Jack လေးက မေမေနန်းမြတ်ကို ချစ်စဖွယ်လေးပြုံးပြနေတာကြောင့် မေမေနန်းမြတ်ကတော့ သားလေးကို တစိမ့်စိမ့်ကြည့်ပြီးချစ်မဝဖြစ်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook
Photo Credit:Nann Myat Phyo Thinn's Facebook

Photo Credit:Nann Myat Phyo Thinn's Facebook

Video Credit:Nann Myat Phyo Thinn's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။