photo credit - teamsecret.gg

Team Secret ကတော့ နောက်ထပ် DPC season သစ်ပြန်မစခင်မှာ လူစားရင်းအပြောင်းအလဲရှိမရှိကို ကြေညာခြင်းမရှိပဲ Team Secret အမှတ်တံဆိပ်နဲ့ ထုတ်လုပ်ထားတဲ့ ဘီယာတမျိုးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကမိတ်ဆက်ပြသခဲ့ပါတယ်။

ဒီဘီယာ ရဲ့ နာမည်ကတော့ AFK ဖြစ်ပြီး Team Secret နဲ့ Levante Brewery တို့က ပူးပေါင်းထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒီ AFK ဘီယာဟာဆိုရင်လည်း ဂိမ်းကစားခြင်းကို နှစ်မြတ်နိုးသူတွေနဲ့ အားပေးတဲ့ပရိသတ်တွေအတွက် အထူးထုပ်လုပ်ထားတာဖြစ်သလို ကမ္ဘာ့ ပထမဆုံး esports brand ဘီယာအဖြစ် ရပ်တည်နိုင်ခဲ့တာလဲဖြစ်ပါတယ်။

ဒီ AFK ဟာ သောက်သုံးသူတွေကို အရမ်းခါးသက်တဲ့အရသာမျိုးမဖြစ်စေဘဲ အရောင်လေးကလည်း ရွှေအိုရောင် အဆင်းနဲ့ သောက်သုံးလို့ကောင်းတဲ့ပုံစံမျိုး ထုတ်လုပ်ထားတာဖြစ်ပါတယ်။

သောက်သုံးလိုက်တဲ့ အခါမှာဆိုရင်လည်း သင်းပျံ့တဲ့ မွှေးရနံ့လေးနဲ့အတူ ထူးကဲတဲ့အရသာတခုကို ခံစားရစေမှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာဆိုရင်တော့ ဒီ AFK ဘီယာကို ဈေးကွက်ထဲမှာ စတင်ဖြန့်ချီနေပီဖြစ်ပြီး ကိုယ်တွေရဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာဖို့ကတော့ ဘယ်လောက်ကြာဦးမလဲ မသိနိုင်သေးပါဘူး။

Source _ teamsecret.gg

Orginal Link >https://teamsecret.gg/2019/09/10/we-are-afk/ 

photo credit - teamsecret.gg

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။