ML စပေါ်ကတည်းက Edoura တို့ Miya တို့ ဆိုတာ Mobile Legends စပေါ်ကတည်းက ရှိနေတဲ့ Old Hero တွေပဲဖြစ်ပါတယ်။ Old Hero တွေဆိုပေမဲ့လဲ ဘယ်တော့မှ နာမည်တွေဟာ ပျောက်ကွယ်မသွားပါဘူး။ လူကိုင်တာနည်းသွားတာကလွဲလို့ Spell တွေ ဘာတွေကတော့ ကြမ်းနေစေတုန်းပါပဲ။ ခုဆိုရင်လဲ Old Hero သာဆိုပေမဲ့ နာမည်မပျောက်သေးတဲ့ Eduora ကိုပြောပြသွားမှာဖြစ်ပါတယ်။  

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Skill 1 ကတော့ မိုးကြိုးတွေကိုလက်ကနေ ရှေ့ကိုပစ်လိုက်ကာ ယပ်တောက်ပုံစံ ရန်သးတွေကိုထိစေပါလိမ့်မယ်။ Level အလိုက် Damage မြင့်မှာဖြစ်ပြီး သူရဲ့ Passive လဲပါဝင်ပါတယ်။ Skill 2 ကတော့ ရန်သူတစ်ယောက်ကို ပစ်လိုက်ပြီး ဝ.၇၅ စက္ကန့်မူးနေစေမှာဖြစ်ပြီး Magic Damage ထိစေမှာပါ။ Passive ရှိပါက နောက်ထပ် ဝ.၇၅စက္ကန့် ထပ်ပေါင်းပြီး Stun စေမှာပါ။ Ulti ကတော့ အပေါ်ကနေပြီး မိုးကြိုးတန်းကြီးကို ပစ်ချလိုက်တာပဲဖြစ်ကာ အပစ်ခံရသူ ဘေးကသူတွေလဲ Damage တစ်ဝက်ကျော်နီးပါ ထိပါတယ်။ Passive သာရှိမယ်ဆိုရင်တော့ 15 ရာခိုင်နှုန်း ပိုထိစေပါတယ်။  

Photo Credit : Screenshot From Mobile Legends Game
Photo Credit : Screenshot From Mobile Legends Game

Passiveကတော့ သူမရဲ့ Spell တွေကို ပိုမိုထိရောက်အောင် ပြုလုပ်ပေးတာပဲဖြစ်ပါတယ်။ Battle ဆိုင်တဲ့အခါမှာဆိုရင်တော့ ရန်သူဘက်ကလာနေတဲ့ Fannyကိုဖြစ်ဖြစ် အဓိက Heroကိုဖြစ်ဖြစ် Skill 2 သုံးပြီး Ulti ကိုသုံးကာ Skill 1 သုံးလိုက်ပါ။ သူမအတွက်ကတော့ တစ်ဖက်ကပါတဲ့ အဓိကကောင်တွေကို ဖြုတ်ချဖို့အတွက်ပဲ ဖြစ်တာမို့ တစ်ကောင်ဆိုတစ်ကောင် အမိဖမ်းနိုင်ပါတယ်။ Team Fight အတွက် အရေးမပါတဲ့ Hero လို့ပြောတာမဟုတ်ပဲ သူလဲ အရေးပါပါတယ်။ အောက်မှတော့ Item နဲ့ Emblem တွေကိုဖော်ပြထားပါတယ်။ 

Photo Credit : Screenshot From Mobile Legends Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။