ချစ်ပရိတ်သတ်တို့ရေ မိန်းကလေးတွေ အများစုဟာ အတိုအပြတ်လေးတွေဝတ်ရတာ ဒေါက်မြင့်လေးတွေစီးရတာကို ကြိုက်ကြတယ်ဟုတ်? ဒါပေမယ့် ကိုယ့်ရဲ့ခြေထောက်လေးတွေဟာ အမျိုးမျိုးသောအကြောင်းကြောင်းတွေကြောင့် အတိုလေးဝတ်လို့ အဆင်မပြေတဲ့အခါ စိတ်ကသိကအောက်ဖြစ်ရ စိတ်ညစ်ရတတ်ပါတယ်နော်။ ကဲ... ဒီလိုတွေ စိတ်ညစ်နေရသူတွေအတွက်ရည်ရွယ်ပြီးတော့ အိမ်မှာနေရင်းထိုင်ရင်းနဲ့ ဖြူဖွေးလှပတဲ့ ခြေထောက်လေးတစ်စုံကိုပိုင်ဆိုင်နိုင်မယ့် အလွယ်ကူဆုံးသော အိမ်တွင်းနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

(၁) သံပုရာရည်နဲ့ သခွားရည်

ဒီနှစ်ခုစလုံးဟာ စုစုပေါင်းငွေတစ်ရာ နှစ်ရောက်ရှိရုံနဲ့တင်လုပ် ကိုယ့်ခြေထောက်လေးတွေကိုကိုယ် Treatment လုပ်လို့ရပါတယ်။ နည်းလမ်းကတော့ ဗီတာမင်စီဓာတ်အပြည့်အဝပါတဲ့ သံပုရာရည်နဲ့ သခွားရည်ကို အချိုးကျကျရောပြီးတော့ ကိုယ်ဖြူချင်တဲ့နေရာ တွေ ခြေတွေလက်တွေကို သုတ်လိမ်းပေးရမှာပဲဖြစ်ပါတယ်။ ပြီးရင် မိနစ်နှစ်ဆယ်လောက်နေတာနဲ့ ရေလောင်းချလိုက်ရုံပါပဲ။ လွယ်လွယ်လေးပါပဲနော်။ ဒါကို ၁၅ရက်(နှစ်ပတ်) လောက်ပုံမှန် လုပ်ပေးလိုက်မယ်ဆိုရင် အရင်ကအသားအရေနဲ့တခြားစီဖြစ်သွားမှာပါ။ ခြေထောက်မှမဟုတ်ပါဘူး လက်တွေကိုလည်းလုပ်လို့ရပါတယ်။

Photo Source : Pngtree

(၂) လိမ္မော်ခွံနဲ့ နို့စိမ်း

လိမ္မော်ခွံတွေကို ခြောက်သွားအောင် လှမ်းထားလိုက်ပါ။ ပြီးသွားရင် ပထမဆုံးအမှုန့်ကြိတ်ထားပါ။ အမှုန့်ရပြီဆိုတာနဲ့ နွားနို့အစိမ်းနဲ့ ရောပြီး ပြစ်နှစ်နေအောင်မွှေပါ။ ပြီးရင် လက်တွေ ခြေထောက်တွေပေါ် မှာလိမ့်ကျံပြီး မိနစ် ၂၀ လောက်အခြောက်ခံထားပါ။ ပြီးရင်တော့ ထုံးစံအတိုင်းရေဆေးချလို့ရပါပြီ။

Photo Source : Pngtree

(၃) အာလူး

ဒီတစ်ခုကတော့ အတော်လေး ကောင်းတဲ့နည်းလမ်းလို့ပြောလို့ရပါတယ်။ အပေါ်ကဟာတွေကို ခြေထောက်မှာလူးပြီးရင် နောက်ထပ်ဖြူချင်တဲ့နေရာတွေ မဲနေတဲ့နေရာတွေ (ဥပမာ-ဒူးခေါင်း၊တံတောင်၊မျက်ကွင်းတို့)ကို မထူမပါး လေးလှီးပြီးတော့ လိုက်လံကပ်ပေးလို့ရပါတယ်။ အချိန်က ၁၀ မိနစ်ပဲလိုပါတယ်။ ပြီးရင်တော့ ရေနွေးလေးနဲ့ သေချာလေးဆေးချလိုက်ပါ။ ဒါဟာ မဲနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာလေးတွေ ဖြူဖို့အတွက်အကောင်းဆုံးနည်းလမ်းပါပဲ ချစ်ပရိတ်သတ်တို့ရေ....

Photo Source : Pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။