ရွှေကစ်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေရပ်တည်နေတဲ့ ဒိတ်ဒိတ်ကြဲပြည်သူ့အချစ်တော် မင်းသမီးချောလေးပဲ ဖြစ်ပါတယ်..။

အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝအခိုင်အမာရရှိထားတဲ့ ရွှေကစ်လေးကတော့ မြန်မာပရိသတ်တွေအပြင် ပြည်ပ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုလေးတွေနဲ့ နှစ်နိုင်ငံပူးပေါင်းဇာတ်ကားတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတဲ့ ပြည်သူ့အသည်းကျော်လေးဆိုလည်း မမှားပါဘူး..။


Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

လတ်တလောမှာလည်း ကိုရီးယားမင်းသားချောလေးနဲ့အတူ နှစ်နိုင်ငံပူးပေါင်းပြီး ရိုက်ကူးနေတဲ့ ဇာတ်ကားလေးဖြစ်တဲ့ “တိမ်တွေပေါ်က ပန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေပြီး လက်ရှိမှာလည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေပါတယ်နော်..။

ကိုရီးယားနိုင်ငံကိုရောက်ရှိနေတဲ့ ရွှေကစ်လေးကတော့ ချစ်ရတဲ့ သူမရဲ့အသည်းကျော် ပရိသတ်တွေအတွက် အလွမ်းပြေပုံရိပ်လေးတွေကို မျှဝေပြီး ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

ချစ်စရာကောင်းတဲ့ ရွှေကစ်လေးရဲ့ ခပ်မိုက်မိုက်ပုံရိပ်လေးတွေကတော့ ရွှေကစ်လေးက သူမရဲ့ လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာနဲ့ အင်စတာဂရမ်တို့မှာ ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

ကိုရီးယားရောက်နေရင်း ခပ်မိမိဓာတ်ဖမ်းထားတဲ့ ကျော့ရှင်းပြီးချစ်စရာကောင်းတဲ့ အမိုက်စားပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Wutt Hmone Shwe Yi’s Facebook
Photo Credit - Wutt Hmone Shwe Yi’s Facebook

Photo Credit - Wutt Hmone Shwe Yi’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။