ပရိသတ်တွေအချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ အိမ်ထောင်ကျပြီးကတည်းက အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းသာ လုပ်ကိုင်တော့တာ ဖြစ်ပါတယ်။ သားလေးတစ်ယောက် မွေးဖွားထားတဲ့ သဉ္ဇာနွယ်ဝင်းက ချစ်ခင်ပွန်းနဲ့အတူ ပြီးပြည့်စုံပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတာပဲ ဖြစ်ပါတယ်။

Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook

လက်ရှိမှာတော့ သဉ္ဇာနွယ်ဝင်းက ဒုတိယမြောက်ရင်သွေးရတနာလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ကလေးနှစ်ယောက်အမေဖြစ်တော့မယ့် သဉ္ဇာနွယ်ဝင်းက ချစ်စရာကောင်းတဲ့သားချောလေးအပြင် သမီးလေးတစ်ယောက်ကိုပါ ထပ်မံပိုင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလည်း သဉ္ဇာနွယ်ဝင်းက ကိုယ်ဝန်အရင့်အမာနဲ့တောင် အရမ်းလှနေတဲ့ ပုံလေးတွေကို တင်ထားပါတယ်။

Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook

သဉ္ဇာနွယ်ဝင်းက '' မမဗိုက် '' ဆိုပြီး ဗိုက်လုံးလုံးလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတဲ့ သူမရဲ့ပုံလေးတွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်။ သမီးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ သဉ္ဇာနွယ်ဝင်းတစ်ယောက် အရင်ကထက်တောင် နုပျိုလှပနေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရတဲ့ သဉ္ဇာနွယ်ဝင်းရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thinzar Nwe Win's Facebook

Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook
Photo Credit-Thinzar Nwe Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။