ပွဲအခမ်းအနားတွေမှာ သူမရဲ့လိမ်းခြယ်မှုတွေနဲ့ မိန်းကလေးတိုင်းကို လှပစေသူကတော့ မိတ်ကပ် ညီညီမောင်( စမ်းချောင်း) ပါ။ သူမဟာ ဆယ်စုနှစ်တစ်ခုတိုင်အောင် မိတ်ကပ်လောကမှာ အောင်မြင်မှုတွေနဲ့ကြိုးစားလုပ်ကိုင်နေတာပါ။ လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတွေကို သူမရဲ့မိတ်ကပ်လိမ်းခြယ်မှုတွေနဲ့ လှပစေသူပါ။ 

Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account

သုသုဟာ လတ်တလောမှာတော့ ကျောက်ပန်းတောင်းမြို့ကို ရောက်ရှိနေတာပါ။ ပုပ္ပါးအဘထွက်ပွဲလာရောက်ကြတဲ့ ခရီးသွားပြည်သူများကို သုံးရက်တိုင်တိုင်စတုဒီသာကျွေးမွေးဧည့်ခံမယ်လို့လည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပါ။ မနေ့ကတော့ အလှူပထဆုံးရက်အဖြစ် စတင်ကျွေးမွေးလှူဒါန်းခဲ့တာတွေကိုလည်း Live လွှင့်ကာ ပရိသတ်တွေကို ဝေမျှထားတာပါ။ 

Photo Credit - Nyi Nyi Maung’s Facebook Account
Photo Credit - Nyi Nyi Maung’s Facebook Account

ဟာသဗီဒီယိုအတိုလေးတွေလည်း တင်လေ့ရှိသူသုသုကတော့ အခုတစ်ခေါက်မှာလည်း အခွီဗီဒီယိုလေးတစ်ခု သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားတာပါ။ ဒါကတော့ ကျောက်ပန်းတောင်း မြို့နယ်က အာလူးကြော်ရောင်းနေတဲ့ဈေးသည်အမကြီး အံ့သြမင်သက်လောက်တဲ့ စကားတစ်ခွန်းပြောချလိုက်တာပါ။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Nyi Nyi Maung’s Facebook Account

Photo Credit-  Nyi Nyi Maung’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။