ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အကယ်ဒမီလွင်မိုးကတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပေမယ့် သမီးကြီးလေးယွန်းဝတီလွင်မိုးကို အနုပညာအမွေလက်ဆင့်ကမ်းပေးထားတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးကလည်း အရမ်းလှတာကြောင့် အနုပညာလောကထဲမဝင်ခင်ကတည်းက ပရိသတ်တွေအားပေးမှုကိုရရှိထားပြီး အနုပညာအလုပ်တွေလုပ်ကိုင်လာချိန်မှာတော့ ပရိသတ်တွေကလည်း ဝန်းရံအားပေးကြပါတယ်နော်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ ဩစတေးလျမှာ ပညာသင်ကြားနေကြပြီး ကျောင်းပိတ်ရက်တိုင်း မြန်မာပြည်ပြန်လာကာ အနုပညာအလုပ်တွေလုပ်ကိုင်ပါတယ်နော်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက သားလေးတစ်ယောက်ကိုမွေးဖွားထားပြီး သားချောလေးliamလေးကလည်း ဖိုးဖိုးလွင်မိုးနဲ့ ချွတ်စွတ်တူတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးကြပါတယ်နော်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

Liamလေး ချစ်မွှေးပါပြီး အရမ်းချစ်စရာကောင်းတာကြောင့် ပရိသတ်တွေကလည်းအရမ်းချစ်ကြတဲ့အပြင် မေမေနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးနေပါပြီနော်။ Liamလေးငယ်ငယ်က အသားဝါခဲ့လို့ ဂရုတစိုက်နဲ့ပြုစုနေတဲ့ မေမေယွန်းဝတီလွင်မိုးရဲ့ မိဘမေတ္တာပုံရိပ်လေးတွေကို ဖွားဖွားမေသူက ချစ်ရတဲ့ပရိသတ်ကြီးအတွက် မျှဝေလာပါတယ်နော်။

Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)
Photo Credit:May Thu(Liam's Fans Group)

Photo Credit:May Thu(Liam's Fans Group)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။