မေမြင့်မိုရ်ကတော့ "အရိပ်"၊ "ပုဂံမြို့သူ" ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပရိသတ်တွေရဲ့ အသည်းကိုဖမ်းစားနိုင်ခဲ့တဲ့ မင်းသမီးလေးဖြစ်ပါတယ်။ သူမက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်ကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ် စိတ်သဘောထားဖြူစင်ပြီး ပွင့်လင်းရိုးသားတဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာပဲအောင်မြင်မှုတွေများစွာရရှိလာတာဖြစ်ပါတယ်။

Photo Credit: May Myint Mo Facebook
Photo Credit: May Myint Mo Facebook

မေမြင့်မိုရ်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေကိုလည်း လက်ခံရိုက်ကူးနေတာဖြစ်ပါတယ်။ ခရီးသွားဝါသနာပါသူဖြစ်ပြီး မိသားစုနဲ့အတူ အပန်းဖြေခရီးထွက်လေ့ရှိတာတွေ့ရပြီး အမှတ်တရပုံလေးတွေကိုလည်းဖော်ပြလေ့ရှိသူလေးဖြစ်ပါတယ်။

Photo Credit: May Myint Mo Facebook
Photo Credit: May Myint Mo Facebook

မေမြင့်မိုရ်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်။လတ်တလောမှာတော့ ဒူဘိုင်းကိုရောက်ရှိနေတဲ့ အမှတ်တရပုံလေးတွေကိုဖော်ပြထားတာတွေ့ရတာကြောင့်ပရိသတ်ကြီးတွက်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit: May Myint Mo Facebook
Photo Credit: May Myint Mo Facebook

Source:May Myint Mo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။