အဆိုတော်၊ သရုပ်ဆောင်တစ်ဦးအဖြစ် ဂီတလောကမှာရော ရုပ်ရှင်လောကမှာပါ အောင်မြင်မှုရရှိနေသူလေးကတော့ ပရိသတ်အချစ်တော် မင်းသမီးချော စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်။ အနုပညာအရည်အချင်းပြည့်ဝတဲ့ စန္ဒီမြင့်လွင်က တစ်ကိုယ်တော်တေးအယ်ဘမ်တွေလည်း ထွက်ရှိခဲ့သလို ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ပါတယ်။

Photo Credit -Dee Dee's FB
Photo Credit -Dee Dee's FB
Photo Credit -Dee Dee's FB

ယနေ့အချိန်မှာတော့ စန္ဒီမြင့်လွင်က အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ်။ Treasure လို့ချစ်စနိုးအမည်ပေးထားတဲ့ စန္ဒီမြင့်လွင်ရဲ့သမီးဦးလေးကတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ (၁၄) ရက်နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့စက်တင်ဘာလ (၁၄) ရက်နေ့မှာတော့ Treasure လေးက အသက် (၂) လတိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit -Thida Khin's FB
Photo Credit -Thida Khin's FB

အခုလည်း စန္ဒီမြင့်လွင်ရဲ့မိခင်ဖြစ်သူက '' မြေးမအငယ်ဆုံးလေး Treasure ဒီနေ့(၂)လ ပြည့်ပါပြီရှင်'' ဆိုပြီး ပုံလေးတွေကို တင်ထားပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးချောလေးကတော့ မျက်လုံးဝိုင်းဝိုင်း၊ ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ ကလေးလေးဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် စန္ဒီမြင့်လွင်ရဲ့သမီးလေး Treasure ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Thida Khin's FB & Dee Dee's FB

Photo Credit -Thida Khin's FB
Photo Credit -Dee Dee's FB
Photo Credit -Thida Khin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။