ချစ်ပရိသတ်ကြီးရေ....နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးလျက်ရှိတဲ့ ထက်အောင်ရိူင်းကတော့ ယခုနောက်ပိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ မြန်မာပြည်ရောက် ကိုးရီးယားမင်းသားတစ်ယောက်လို့ ထင်မှတ်ရလောက်အောင် ချောမောခန့်ညားတဲ့ ထက်အောင်ရိူင်းကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာပါ ပါဝင်ရိုက်ကူးသရုပ်ဆောင်နေပြီဖြစ်ပါတယ်။

Photo Credit:Htet Aung Shine Facebook
Photo Credit:Htet Aung Shine Facebook

သူကတော့ နှုတ်ခမ်းနီ မလေးတွေရဲ့ အချစ်ကို မျက်ဝန်းလေးတွေနဲ့ ဖမ်းစားထားသူလေးပဲ ဖြစ်ပါတယ်။ မော်ဒယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ထက်အောင်ရှိုင်းကို ပရိသတ်တွေက ချောမောပြီး သန့်ပြန့်တဲ့ ရုပ်ရည်လေးကြောင့် စတင်သတိထားမိခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ပရိသတ်တွေကြားမှာ နေရာတစ်ခုနဲ့ ရပ်တည်နေပြီး ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေရတာတွေ့ရပါတယ်။လတ်တလောမှာတော့ Tokyo မြို့ကိုရောက်ရှိနေပြီး အမိုက်စားဖက်ရှင်နဲ့အထာကျကျလန်းနေတဲ့ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ယောင်္ကျားပီသပြီး စမတ်ကျလွန်းနေတာကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေစေမှာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit:Htet Aung Shine Facebook
Photo Credit:Htet Aung Shine Facebook

သူတို့သူငယ်ချင်းတွေဟာဆိုရင် အမြဲစနောက်ကာ ပျော်ပျော်ရွှင်ရွှင်နေတက်ကြသူတွေလည်းဖြစ်ပါတယ်။အမြဲဆိုသလို သူငယ်ချင်းတွေနဲ့ စနောက်နေကြတဲ့ ပုံလေးတွေ ဗီဒီယိုလေးတွေကို မကြာခဏတင်လေ့ရှိတာလည်းတွေ့ရပါတယ်။ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ အမိုက်စား ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit:Htet Aung Shine Facebook
Photo Credit:Htet Aung Shine Facebook

Source:Htet Aung Shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။