ပရိသတ်အချစ်တော် ခင်ဇာခြည်ကျော်ကတော့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးကိုပိုင်ဆိုင်ထားတဲ့ ကလေးနှစ်ယောက်ရဲ့မိခင်ပဲ ဖြစ်ပါတယ်။ သားနဲ့သမီးအပေါ်မှာ မိခင်ကောင်းတစ်ယောက်ပီပီ အကောင်းဆုံးပြုစုစောင့်ရှောက်ပေးနေတဲ့ ခင်ဇာခြည်ကျော်က Single Mother တစ်ဦးအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ 

Photo Credit - Khinzar Chi Kyaw Zar's FB
Photo Credit - Khinzar Chi Kyaw Zar's FB
Photo Credit - Khinzar Chi Kyaw Zar's FB

ခင်ဇာခြည်ကျော်ရဲ့သားနဲ့သမီးကလည်း လက်ရှိမှာ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်နေတဲ့ မျိုးဆက်သစ်အနုပညာရှင်လေးတွေပဲ ဖြစ်ပါတယ်။ အခုရက်ပိုင်းမှာတော့ ခင်ဇာခြည်ကျော်တစ်ယောက် သမီးလေးနဲ့အတူ ပွဲအခမ်းအနားတွေကို အများဆုံးတက်ရောက်တာ ဖြစ်ပါတယ်။ အခုလည်း ခင်ဇာခြည်ကျော်က သမီးချောလေးနဲ့အတူ ''Shwe FM'' ရဲ့ပွဲအခမ်းအနားလေးကို တက်ရောက်လာခဲ့ပါတယ်။

Photo Credit - Khinzar Chi Kyaw Zar's FB
Photo Credit - Khinzar Chi Kyaw Zar's FB
Photo Credit - Khinzar Chi Kyaw Zar's FB

ခင်ဇာခြည်ကျော်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှသွေးကြွယ်လာတဲ့သမီးလေးကိုပွဲထုတ်ပြီး အတူတူပွဲတက်လာတာ ဖြစ်ပါတယ်။ခင်ဇာခြည်ကျော်က '' ရွှေ FM 10th Anniversary မှ သည် ရာသက်ပန် အောင်မြင်မှု သရဖူ ဆောင်းနိုင်ပါစေလို ဆုမွန်ကောင်းတောင်းပေးလိုက် ပါတယ်'' ဆိုပြီး သမီးနဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်တို့သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Khinzar Chi Kyaw Zar's FB

Photo Credit - Khinzar Chi Kyaw Zar's FB
Photo Credit - Khinzar Chi Kyaw Zar's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။