ပရိသတ်ကြီးရေ.. အနုပညာလောကမှာ တေးသီချင်းကောင်းလေးတွေအပြင် ချစ်စဖွယ်အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးကတော့ အဆိုတော်မလေး ပန်းရောင်ခြယ်ပဲ ဖြစ်ပါတယ်နော်..။

အသံချိုချိုအေးအေးလေးနဲ့ တေးသီချင်းကောင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ ပန်းရောင်လေးကတော့ ရှည်လျားတဲ့ ဆံနွယ်ရှည်လေးတွေ၊ အပြုံးချိုချိုလေးတွေနဲ့ ချစ်စဖွယ်အမူအရာလေးတွေကို ပိုင်ဆိုင်ထားပြီး အနေအေးသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

ပန်းရောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ အဆိုတော် ပန်းရောင်ခြယ်ဟာ ယောကျၤားလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးချစ်ခင်မှုတွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကိုပါ ရရှိထားတဲ့ ပြည်သူ့အသည်းကျော်လေးပါပဲ..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောက်နေတဲ့ ပန်းရောင်လေးကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေပြီး အခုတစ်ခါမှာလည်း မိသားစုလေးနဲ့အတူ အခမ်းအနားပွဲလေးတက်ရောက်ရင်း သီချင်းလေးတွေ သီဆိုဖျော်ဖြေခဲ့တာ တွေ့ရပါတယ်နော်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

Mitsubishi XPANDER ပွဲလေးကို မိသားစုတွေ စုံစုံညီညီနဲ့ တက်ရောက်ရင်း ကလေးလေးတစ်ယောက်လို လတ်လပ်ပေါ့ပါးစွာပျော်ရွှင်ရယ်မောနေတဲ့ သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေထားပါသေးတယ်..။

အနီရောင်ဖက်ရှင်လေးဝတ်ဆင်ပြီး ရဲရဲတောက်အလှတရားတွေနဲ့ နုပျိုစွာလှသွေးကြွယ်နေပြီး လွတ်လပ်ပျော်ရွှင်နေတဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပန်းရောင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျ အချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich
Photo Credit - Ria Bo Vich

Photo Credit - Ria Bo Vich

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။