အနုပညာလောကတွင် ဆယ်စုနှစ်တစ်ခုတိုင်အောင် အောင်မြင်နေဆဲဖြစ်တဲ့ မင်းသမီးကတော့ သင်ဇာဝင့်ကျော်ပါ။ သူမကတော့ အမြဲတမ်းသွက်သွက်လက်လက်လေးနဲ့သရုပ်ဆောင်တတ်တာကြောင့်လည်း ပရိသတ်တွေက ချစ်နေရတာပါ။ လတ်တလောမှာလည်း ပွဲအခမ်းအနားတွေ တက်ရောက်နေရတာပါ။

Photo Credit -Thinzar Wint Kyaw’s Instagram Stories
Photo Credit -Thinzar Wint Kyaw’s Instagram Stories
Photo Credit -Thinzar Wint Kyaw’s Instagram Stories

မကြာခင်မှာလည်း " မြမြ " ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ပြင်ဆင်နေတာပါ။ ဒီဇာတ်ကားကြီးဟာ မရိုက်ကူးခင်ကတည်းက ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတာပါ။ သင်ဇာဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေနဲ့ ပက်သက်ပြီး Facebook နဲ့ Instagram လူမှုကွန်ယက်မှတစ်ဆင့် ဝေမျှပေးလေ့ရှိတာပါ။ 

Photo Credit -Thinzar Wint Kyaw’s Instagram Stories
Photo Credit -Thinzar Wint Kyaw’s Instagram Stories
Photo Credit -Thinzar Wint Kyaw’s Instagram Stories

အခုမှာလည်း တရုတ်ပြည်နယ်စပ် မိုင်းလားမြို့ကပွဲအခမ်းအနားတစ်ခုတွင် သီချင်းများစွာနဲ့ပါဝင်ဖျော်ဖြေထားတဲ့ ဗီဒီယိုလေးကို တင်ထားတာပါ။ ဒီအခမ်းအနားကို သင်ဇာနဲ့အတူ ဟိန်းမင်းသူ၊အောင်လေးနဲ့အခြားအနုပညာရှင်တွေလည်း တက်ရောက်ခဲ့တာပါ။ ပရိသတ်တွေအတွက် သင်ဇာရဲ့ဖျော်ဖြေတင်ဆက်မှု ဗီဒီယိုတွေကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source- Thinzar Wint Kyaw’s Instagram Myday ,Xit Thway’s Facebook Account and Hein Min Thu’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။