ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီထွန်းထွန်းနဲ့ အကယ်ဒမီမင်းမော်ကွန်းတို့နှစ်ယောက်ကတော့ အရမ်းခင်မင်ကြတဲ့ အနုပညာညီအစ်ကိုတွေဖြစ်ကြပါတယ်။နေတိုး ကျော်ကျော်ဗိုလ် မင်းမော်ကွန်း ရဲလေး ထွန်းထွန်းတို့နဲ့ ဖူးစုံ မေကဗျာ မိုးယုစံတို့က နှင်းဆီအဖွဲ့သားတွေအဖြစ် ခင်ခင်မင်မင် ရင်းရင်းနှီးနှီးနဲ့ပေါင်းသင်းကြပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook

နေတိုးတို့နှင်းဆီအဖွဲ့သားတွေက လက်တလောမှာလည်း ရေဘေးအတွက် နှင်းဆီလှေဆိုပြီး ကပြဖျော်ဖြေဦးမှာဖြစ်ပါတယ်။မင်းမော်ကွန်း ထွန်းထွန်း နေတိုး ကျော်ကျော်ဗိုလ်နဲ့ ရဲလေးတို့ကို ပရိသတ်တွေက တစ်ခဲနက်အားပေးကြပြီး အရမ်းချစ်ကြတာဖြစ်ပါတယ်။နှင်းဆီအဖွဲ့သားတွေအကုန်လုံးက ရုပ်ရှင်လောကမှာ အသီးသီးကျင်လည်နေကြပြီး အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook

အခုဆိုရင်လည်း မင်းမော်ကွန်းနဲ့ထွန်းထွန်းက နိုင်ငံကြီးသားရုပ်ရှင်ဇာတ်ကားကြီးအတွက် အဖွဲ့သားတွေနဲ့အတူတူ စင်ကာပူကိုရောက်ရှိနေတာဖြစ်ပါတယ်။ထွန်းထွန်းနဲ့ မင်းမော်ကွန်းတို့ သူငယ်ချင်းနှစ်ယောက်ကတော့ စင်ကာပူမြို့ရဲ့ညအလှတွေကိုအပီအပြင်ခံစားနေတာဖြစ်ပါတယ်။စင်ကာပူရဲ့အလှနဲ့အပြိုင် ပိုစ့်ပေးကြမ်းနေတဲ့ ထွန်းထွန်းကို သေသေချာချာဓာတ်ပုံရိုက်ပေးနေတဲ့ မင်းမော်ကွန်းတို့ပုံရိပ်လေးကို မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook
Photo Credit:Kyaw Kyaw Htay Lwin's Facebook

Photo Credit:Kyaw Kyaw Htay Lwin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။