ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်မင်းသမီးချောလေး အောင်မြင်တဲ့ အနုပညာရှင်အဖြစ် ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသလို ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်နော်..။
တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုစေသလို ကြည်နူးစရာ မိသားစုပုံရိပ်လေးတွေကလည်း မြင်သူတိုင်းကို အားကျစေပြီး ချစ်စရာကောင်းလွန်းတဲ့ သမီးလေးကိုလည်း မကြာသေးခင်ကမှ မွေးဖွားပိုင်ဆိုင်ထားတာပါနော်..။
စက်တင်ဘာ(၁၄)ရက်နေ့ကမှ အသက်(၂) လပြည့်သွားတဲ့ ဒီဒီးရဲ့ ချစ်သမီးလေး Treasure လေးကလည်း ပါးမို့မု့ိဖောင်းဖောင်း ၀၀ကစ်ကစ် နှုတ်ခမ်းထော်ထော်လေးနဲ့ ချစ်စရာကောင်းလွန်းပြီး ဖေဖေ မေမေ နှစ်ယောက်လုံးနဲ့ တူလွန်းပါတယ်နော်..။
ဒီဒီးကတော့ သူမနဲ့ ရုပ်ချင်းချွတ်စွပ်ဆင်တူလွန်းတဲ့ ချစ်သမီးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ရေချိုးပြီးစ ရွှင်လန်းပြီး အသည်းယားစရာကောင်းနေတဲ့ Treasure လေးရဲ့ ပုံလေးတွေကိုလည်း ထပ်မံမျှဝေပေးလိုက်ပြန်ပါတယ်..။
"သမီးရေချိုးပီးပီနော် ဒီနေ့" မင်းသမီး ပိုးထည်တိုက်" နှစ်ပတ်လည် Up to 80% Discount ပွဲတော် မှာဈေးသွားရောင်းဖို့အဆင်သင့်ပဲ ဘယ်သူတွေလာမလဲရှင့်.." ဆိုပြီး ဆိုင်မှာ ရှိနေမယ့်အကြောင်းလေးနဲ့အတူ ချစ်စရာပုံလေးတွေကို မျှဝေလိုက်တာပါ..။
အသည်းကျော် Treasure လေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ရေချိုးပြီးစ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကလည်း တကယ်ကို အသည်းယားအချစ်ပိုနေကြပါတယ်နော်..။
Photo Credit - Dee Dee's Facebook ၊ Thidar Khin's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။