ချစ်ပရိသတ်ကြီးရေ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသား ပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တော်လေး မေရီ ကတော့ သူ့ရဲ့ ချိုသာတဲ့ အသံ ညို့အားအပြည့်နဲ့ သီဆိုဟန်လေးတွေကြောင့် ပရိတ်သတ်တွေ အချစ်ပို နေရသူလေးဖြစ်ပါတယ် ။ သူမဟာ ဂျပန်နိုင်ငံမှာကျောင်းတက်နေတာဖြစ်သလို မြန်မာနိုင်ငံကိုလာရောက်ပြီလည်း အနုပညာအလုပ်တွေ လုပ်ကိုင်လျှက်ရှိတာကိုလည်းတွေ့ရပါတယ်။

Photo Credit:Mary Facebook
Photo Credit:Mary Facebook

သူမဟာ အနုပညာလှုပ်ရှားမှုအနေနဲ့ ဂီတအလုပ်အပြင် ဓာတ်ပုံရိုက်ကူး မှုတွေလည်း ပြုလုပ်နေပါတယ် ။ သူမရဲ့အလန်းစားပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ပရိသတ်တွေကို ပြန်လည်မျှဝေပေးခဲ့တာလည်းတွေ့ရပါတယ် ။ မကြာခင်မှာလည်း သူမရဲ့ သီချင်းအသစ်လေးဟာ ပရိသတ်တွေရှေ့ကို ရောက်ရှိလာတော့မှာလည်း ဖြစ်ပါတယ်။လတ်တလောမှာလည်း သူမရဲ့ အလှတရားတွေနဲ့ ကြွေသွားလောက်အောင် ဆွဲဆောင်မှုရှိရှိလန်းနေတဲ့ အမိုက်စားပုံလေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit:Mary Facebook
Photo Credit:Mary Facebook

မေရီကိုချစ်တဲ့ ချစ်ပရိသတ်ကြီးအတွက် သူမရဲ့အမိုက်စားပုံရိပ်တွေကိုပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။ ပရိသတ်ကြီးကလည်း သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကိုအားပေး လိုက်ကြပါဦးနော်။ မေရီလည်း ဒီထက်မက အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:Mary Facebook
Photo Credit:Mary Facebook

Source:Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။