ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ တစ်နေ့နဲ့ တစ်နေ့ မရိုးနိုင်အောင် အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားသူပဲ ဖြစ်ပါတယ်..။

ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေနဲ့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသလို ယောင်္ကျားလေးပရိသတ်တွေကလည်း အားပေးချစ်ခင်ကြတာ တွေ့ရပါတယ်..။

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို သူ့ရဲ့လှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း ဓာတ်ဖမ်းထားတဲ့ အမိုက်စားပုံရိပ်လေးတွေကိုလည်း ထပ်မံမျှဝေလိုက်ပြန်ပါတယ်နော်..။

အချဉ်ပေါင်း အစပ်ပေါင်းနဲ့ အကင်တွေကိုယ်တိုင်ရောင်းနေတဲ့ ပုံရိပ်လေးတွေနဲ့ ဓာတ်ဖမ်းထားတာဖြစ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းတွေကို ခြွေယူလိုက်တာပဲ ဖြစ်ပါတယ်..။

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

"Bae ဘာမှမလုပ်နဲ့ ကို ပဲ ရှာကျွေးမယ် Lol.." ဆိုပြီး ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို မျှဝေလိုက်တာမို့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

ဒီကနေ့လေးမှာတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အချစ်တော်လေး ပိုင်တံခွန်ရဲ့ ဓာတ်ဖမ်းပုံရိပ်အသစ်လေးတွေကိုလည်း ချစ်ပရိသတ်တွေ အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Photo Credit - Htet Paing Ye
Photo Credit - Htet Paing Ye

Photo Credit - Htet Paing Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။