Examplez အဖွဲ့ဝင် အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကကို စတင်ရောက်လာခဲ့တဲ့ ထွန်းထွန်းကတော့ လက်ရှိမှာတော့ အဆိုတော်အလုပ်အပြင် ရုပ်ရှင်ဇာတ်ကားတွေ တော်တော်များများမှာပါ ပါဝင်သရုပ်ဆောင်နေပြီး ဇာတ်ရုပ်တွေကို ပီပြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိထားသူပဲ ဖြစ်ပါတယ်..။

အခုလို အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာရရှိထားတဲ့ ထွန်းထွန်းကတော့ သိပ်ချစ်ရတဲ့ ချစ်သူကောင်မလေးနဲ့အတူ ကြည်နူးစရာကောင်းပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကိုလည်း အားကျစရာကောင်းလောက်အောင် မြင်တွေ့ရပါတယ်နော်..။

Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

တစ်ယောက်ကို တစ်ယောက်အမြဲနားလည်ချစ်ခင်မှုလေးတွေနဲ့ ချစ်သူဘဝကို ကြည်နူးစွာ ဖြတ်သန်းနေကြတဲ့ ထွန်းထွန်းကတော့ မကြာသေးခင်ကမှ သူ့မှာ ချစ်သူကောင်မလေးရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်..။

ချစ်သူကောင်မလေးကြောင့် အရမ်းကို စိတ်ကြည်နူးချမ်းမြေ့ရတဲ့အကြောင်းလေးနဲ့ ချစ်သူလေးကို ဘယ်လောက်ချစ်တဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်နော်..။

Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

ထွန်းထွန်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ"ခုတလောအရမ်းစိတ်ချမ်းသာရတယ်..

အမြဲတမ်းကြည်နူးရတယ်... အတူတူရှိမနေတဲ့အချိန်တွေမှာတောင် အနားမှာအမြဲရှိနေသလို ခံစားရအောင်ထားတယ်.. သဝန်တိုစိတ်မချဖြစ်စရာတွေ ခေါင်းထဲရောက်မလာအောင်သူမက ထားပေးတယ်။ သူမနဲ့ဆို စိတ်ကအမြဲ secure ဖြစ်နေတယ်။ မပူလောင်ရဘူး။

ဘဝမှာလူတစ်ယောက်ကြောင့် တစ်ခါမှဒီလောက်စိတ်မချမ်းသာခဲ့ရဖူးဘူး။

သေချာတာတစ်ခုကတော့ဗျာသူမကို ကျွန်တော် အဆုံးရှုံးမခံနိုင်လောက်အောင်ချစ်တယ်.. အရမ်းချစ်တယ်..." ဆိုပြီး ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်..။

အဲ့ဒီ့ပို့စ်ရဲ့ အောက်မှာလည်း ပရိသတ်တွေကလည်း အားပေးချစ်ခင်ကြသလို သူငယ်ချင်းတွေကလည်း ဆေးထိုးစနောက်နေကြတာလည်း ကြည်ကြည်နူးနူးလေး မြင်တွေ့ရပါတယ်နော်..။

Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook
Photo Credit - Htin Aung Tun's Facebook

Photo Credit - Htin Aung Tun's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။