အဆိုတော်မလေး ပိုပိုကတော့ လူငယ်ပရိသတ်တွေရဲ့ အခိုင်အမာ အားပေးဝန်းရံမှုရရှိထားသူ ဖြစ်ပါတယ်။ အသံပါဝါအားကောင်းတဲ့ ပိုပိုက သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ရေးစပ်သီဆိုလေ့ရှိတာကြောင့် ပိုမိုအောင်မြင်နေတာ ဖြစ်ပါတယ်။ သူမရဲ့သီချင်းတော်တော်များများကလည်း ပရိသတ်တွေကြားမှာ အမြဲရေပန်းစားနေတာ ဖြစ်ပါတယ်။

Photo Credit -Po Po's FB
Photo Credit -Po Po's FB
Photo Credit -Po Po's FB

အခုလတ်တလောမှာတော့ ပိုပိုတစ်ယောက် သီချင်းအသစ်တွေဖန်တီးနေသလို ပွဲအခမ်းအနားလေးတွေလည်း မကြာခဏတက်ရောက်နေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပိုပိုက စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့စိုးပြည့်သဇင်တို့ညီအစ်မတွေရဲ့ ''မင်းသမီး'' ပိုးထည်ဆိုင်လေးကို သွားရောက်ခဲ့ပါတယ်။

Photo Credit -Po Po's FB
Photo Credit -Po Po's FB
Photo Credit -Po Po's FB

ပိုပိုက '' မင်းသမီး ပိုးထည်တိုက်မှာ ဒီနေ့ သွားအားပေးခဲ့တယ် '' ဆိုပြီး ပုံလေးတွေကို မျှဝေထားတာ ဖြစ်ပါတယ်။ ပိုပိုက စိုးညီအစ်မတွေရဲ့ဆိုင်လေးမှာ အထည်တွေအားပေးရင်း အမှတ်တရ ပုံလေးတွေလည်းရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုပိုနဲ့ စိုးညီအစ်မတစ်စုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit -Po Po's FB

Photo Credit -Po Po's FB
Photo Credit -Po Po's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။