ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်မင်းသား လဲဖြစ် ပရဟိတ မင်းသားလို့လည်း ခေါ်ခံရသူ ဝေဠုကျော်ကတော့ အနုပညာအလုပ်ထက် ပရဟိတနဲ့ပဲ အချိန်ကုန်တာများပါတယ်

သဘာဝကျကျဇာတ်ရုပ်ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ ဝေဠုကျော်ဟာ စိတ်သဘောထားမွန်မြတ်သူဖြစ်တာကြောင့် သူ့ရဲ့ပရဟိတလုပ်ငန်းတွေကို လေးစားကြသူများပါတယ်

လက်တလောမှာတော့ ဝေဠုကျော်ဟာ သူ့ရဲ့ မိဘတွအပေါ်ထားတဲ့ လေးစားမှုနဲ့ ပရဟိတခံယူချက်ကို အခုလိုပြောပြခဲ့ပါတယ်တဲ့

“ပရဟိတဆိုတာက သူများတွေအများကြီးလုပ်တာကို အားကျပြီးတော့ ငါတို့ အဲလိုမလုပ်နိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ်နေဖို့မလိုပါဘူး။ ပရဟိတဆိုတာ အဝေးကြီးမဟုတ်ပါဘူး သက်ရှိဘုရားလို့ ပြောလို့ရတဲ့ မိဘကို မပူမပင် မကြောင့်မကြ သူတို့ရဲ့ ဝေယျာဝေစ္စ လုပ်ပေးနေတာလည်း ပရဟိတပါပဲ။ ကိုယ့်ကို သင်ကြားခဲ့တဲ့ ဆရာ ဆရာမတွေကို အာစရိယပူဇော်ပွဲတွေ လုပ်ပြီးတော့ သူတို့ရဲ့ လိုအပ်ချက်တွေကိုဖြည့်ဆည်းတာလည်း ပရဟိတပါပဲ။ 

ကိုယ့်မိသားစု တာဝန် ကိုယ်ကျေတာကလည်း ပရဟိတပါပဲ။ ကိုယ့်အိမ်ဝန်းအတွင်း၊ ကိုယ့်ရပ်ကွက် အဲထဲမှာ ကိုယ်နိုင်သလောက် အမှိုက်တစ်စ ကောက်လိုက်ရင် မြောင်းလေး တစ်ခုရှင်းလိုက်ရင် အဲဒါအားလုံး ပရဟိတပါပဲ အားလုံးတန်ဖိုးရှိပါတယ်။ အရေးကြီးတာက လူတိုင်း လုပ်တက်ဖို့ လုပ်ချင်ဖို့ပဲ အရေးကြီးပါတယ်” လို့ ဝေဠုကျော် မှ Myanmar Celebrity သို့ ပြောပြခဲ့ပါတယ်။

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။