ကဲ... ဒီတစ်ခါမှာတော့ ထူးထူးဆန်းဆန်းလေးတွေကို စိတ်ဝင်စားပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် ဂျပန်နိုင်ငံက ဖြစ်ရပ်မှန်လေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်နော်။ ၁၇ နှစ် အရွယ် Ekichi ဆိုသူက ၂နှစ်သမီး အရွယ်သူ့ညီမလေးကို အရုပ်လေးတစ်ရုပ် ဝယ်ပေးခဲ့ပါတယ်။ အရုပ်မလေးရဲ့ အရွယ်က ၁၆ လက်မလောက် ရှည်ပါတယ်။အရုပ်မလေးက ဂျပန်ရိုးရာ ဝတ်စုံ ကီမို ဝတ်ဆင်ထားပြီး မျက်ဆံအနက်ရောင် မျက်နှာအဖြူရောင် လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။ညီမလေးလည်း အရုပ်လေးကိုမြင်မြင်ချင်းအရမ်းချစ်သွားပြီး ဘယ်သွားသွား ဘာလုပ်လုပ် အရုပ်လေးကို အတူတူ ခေါ်ထားပါသည်။သူ့ညီမလေး က အရုပ်လေးနဲ့နေရရင် လိုအပ်တာထက်ကို ပိုပျော်နေတက်ခဲ့ပါသည်။ညီမလေးဟာ အရုပ်မလေးကိုချစ်လွန်းလို့ သူ့နာမည်ကိုတောင် အရုပ်မကို (Okiku)လို့ ပေးထားခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီနှစ်ထဲမှာဘဲ ညီမလေး ဟာ တုတ်ကွေးရောဂါကို အပြင်းအထန် ခံစားခဲ့ပြီး သေဆုံးခဲ့ရပါတယ်။အိမ်သူအိမ် သားတွေလည်း အရမ်းသောကရောက်ခဲ့ရပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

အိမ်သားတွေလည်း ညီမလေးကို ဘယ်လိုမှမေ့မရတဲ့ အဆုံး သူတို့ ရဲ့ လွမ်းဆွတ်မှု စိတ် ခံစားချက်ကို ပြေပျောက်ဖို့ အရုပ်မလေးကို ညီမလေးနေရာအစားထိုးပြီး သူတို့အိမ်မှာဘဲ ကောင်းကောင်းမွန်မွန်အဝတ်အစားတွေလဲပေး ဆံပင်လေးတွေဖီးပေးလုပ်ခဲ့ကြပါတယ်။တစ်နေ့ အိမ်သားတွေ အလွန်စိတ်ထိခိုက်စရာ အဖြစ်အပျက်ကြုံလာခဲ့ပါတယ်။အဖြစ်အပျက်က အရုပ်မလေးရဲ့ဆံပင်တွေဟာထူးထူးခြားခြား လူတစ်ယောက်လိုတစ်ဖြည်းဖြည်း ရှည်လာတာကို တွေ့ရလို့ပါတဲ့။သူတို့ရဲ့ သမီးလေးရဲ့ဝိဉာဉ်ဟာ မကျွတ်မလွတ်ဘဲ အရုပ်လေးထဲမှာ မှီခိုနေပြီလို့ယူဆကြလို့ပါ။မူလဆံပင်ကဂုတ်ဝဲလေးပါ နောက်တော့ကျောလယ်အထိအောင်ရှည်လာတက်ပြီးဆံပင်ကို မညှပ်ပေးလျှင် ဒူးခေါင်းနားအထိအောင် ရှည်လာတက်ပါတယ်။အိမ်သားတွေလည်းအရုပ်လေးကို အိမ်မှာ မထားသင့်တော့ တာကြောင့် (Mannenji )အမည်ရှိ ဘုန်းကြီး ကျောင်းကို ပို့ခဲ့ပါတယ်။

Photo Source: သံ ဇဉ် မိုးဇတ်

ဘုန်းကြီးကျောင်းမှာလည်း အရုပ်မလေးရဲ့ဆံပင်တွေကို ပုံမှန်ဂရုစိုက်ပေးနေရပါတယ်။ဘုန်ကြီးတစ်ချို့ပြောတာက တစ်ခါတစ်ရံအရုပ်မလေးနားမှ ပျော်ရွင်ရယ်မောနေသံ / ငိုရှိုက်သံ / ဆွဲငင်စွာ ငိုကြွေး သံတွေကို မကြာခဏကြားရတတ်တယ်လို့ဆိုပါတယ်။သဘာဝလွန် ဖြစ်ရပ်တွေနဲ့ နာမည် ကြီးနေတဲ့အရုပ်မလေးရဲ့ အကြောင်းကိုရုပ်ရှင်တွေ Video တွေ တောင်ရိုက်ခဲ့ကြောင်း သိရပါတယ်။အရုပ်မလေးကိုတွေ့ချင်ပြီး အရုပ်မလေးရဲ့ ဆံပင်တွေကို ကြည့်ချင်တဲ့သူတွေဟာ ဂျပန်နိုင်ငံIwamizawa မြို့ Hokkaidoက Mannenjiအမည်ရှိ ဘုန်းကြီးကျာင်းမှာ သွားကြည့်ကြပါတယ်။သစ်သား သေတ္တာ ထဲမှာ ထဲ့ထားတဲ့ အရုပ်မလေးဟာ လာရောက် လေ့လာသူတွေ ကို သူ့ရဲ့ မျက်ဝန်း နက်နက် ကလေးနဲ့ ပြန်လည် ကြည့်ရှုနေသယောင်ထင်ရမှာပါတဲ့။ယနေ့ အချိန်အထိ ရှိနေသည် ဟုသိရပါသည်။ ကဲ... ပရိတ်သတ်တို့ကော ဒီထူးထူးဆန်းဆန်းအရုပ်မလေးကို သွားမကြည့်ချင်ကြဘူးလား?

Photo Source: သံ ဇဉ် မိုးဇတ်

Source: သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။