ပရိသတ်ကြီးရေ မင်းသမီးချောလေး နေခြည်ဦးကတော့ ရုပ်ရှင်ဇာတ်ကားကြီးအများအပြားမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စမင်းသမီးလေးလို့ ထင်ရက်စရာမရှိလောက်အောင် အိုင်တင်တွေကပီပြင်ပိုင်နိုင်လွန်းလှတာကို ပရိသတ်ကြီးလည်းတွေ့မြင်နေရမှာပါနော်။နေခြည်ဦးက Beauty Bloggerကနေစတင်ပြီး မိန်းကလေးပရိသတ်တွေများပြားလာကာ သူမရဲ့ ပွင့်လင်းရိုးရှင်းတဲ့အပြောအဆိုလေးတွေကို ပရိသတ်တွေကအရမ်းချစ်လာကြပါတယ်။

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

အခုချိန်မှာဆိုရင်တော့ အနုပညာခြေလှမ်းတွေက အရမ်းစိပ်နေတာကြောင့် နေခြည်ဦးက Beauty Blogger ပိုင်းနဲ့ နည်းနည်းလေးဝေးကွာနေပါတယ်နော်။သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေလည်းအများအပြားရရှိနေပြီး ချီချီလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။ချီချီက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေပြီး စိတ်ထားလေးကလည်းဖြူစင်လို့ လူချစ်လူခင်ကလည်းပေါများပါတယ်နော်။

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

ပရိသတ်တွေကတော့ လက်တလောချီချီရဲ့အချစ်ရေးလေးကို စိတ်ဝင်စားမှုနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။ချီချီကတော့ အေးဆေးစွာနေထိုင်ပြီး သူမလုပ်စရာရှိတဲ့အလုပ်တွေကိုပဲ စိတ်ပါဝင်စားစွာလုပ်ဆောင်နေတာပါနော်။အခုဆိုရင်လည်း ချီချီက သူမကစားနေကျဖြစ်တဲ့ Boxing ကစားနည်းလေးကို ဆရာနဲ့အတူတူ မနက်တိုင်း၊ညနေတိုင်း ကြိုးစားပမ်းစားကစားတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Chi Oo's Facebook

Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook
Photo Credit:Nay Chi Oo's Facebook

Video Credit:Beauty by naychi's myday

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။