သုသုကတော့ အနုပညာရှင်များသာမကပဲ မိန်းကလေးတိုင်းကို လှပအောင် လိမ်းခြယ်ဖန်တီးပေးနေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ သုသုဟာ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ရုံသာမကပဲ ရုပ်ရှင်ဇတ်ကားကြီးများလည်း ပါဝင်ရိုက်ကူးနေရတာပါ။  

photo credit - Nyi Nyi Maung's Facebook Account
photo credit - Nyi Nyi Maung's Facebook Account

လတ်တလောမှာလည်း ကြော်ငြာများနဲ့ ပွဲအခမ်းအနားများ တက်ရောက်နေရတာပါ။ သူမရဲ့ Tik Tok ဗီဒီယိုလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစားလျက်ရှိနေတာပါ။ သူမဟာ အခွီဗီဒီယိုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။ အခုတစ်ခေါက်မှာလည်း Tik Tok ဗီဒီယိုလေး တစ်ခုတင်ထားတာပါ။ 

photo credit - Nyi Nyi Maung's Facebook Account
photo credit - Nyi Nyi Maung's Facebook Account

ဒါကတော့လတ်တလောမှာ နာမည်ကြီးနေတဲ့ ဈေးသည်မလေး ကိကိရဲ့ အသံလေးကိုပီပြင်စွာ သရုပ်ဆောင်ထားတာပါ။ ဒီဗီဒီယိုလေးထဲမှာ သုသုဟာ အဝါရောင်ဖက်ရှင်လေးနဲ့ ချစ်စရာကောင်းလွန်းနေတာပါ။ ပရိသတ်ကြီးအတွက် သုသုရဲ့ Tik Tok ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။

Source - Nyi Nyi Maung's Facebook Myday

photo credit - Nyi Nyi Maung's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။