ပရိသတ်တွေကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးချစ်ခင်မှုတွေအပြင် အနုပညာရှင်များစွာရဲ့ အားပေးဝန်းရံမှုတွေကိုပါ အခိုင်အမာရရှိအောင်မြင်နေတဲ့ Music Band ကတော့ IRON CROSS အဖွဲ့ပဲ ဖြစ်ပါတယ်..။

IRON CROSS နာမည်ကျော် အဆိုတော်လေးဦးဖြစ်တဲ့ လေးဖြူ၊ ငဲငဲ၊ မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ လေးယောက်ရဲ့ အမိုက်စားတေးသီချင်းတွေကတော့ ပရိသတ်တွေကကြား အမြဲရေပန်းစားအောင်မြင်နေတာလည်း ပရိသတ်တွေတွေ့မြင်ရမှာပါနော်..။

Photo Credit - Nyi Htut Khaung’s Facebook
Photo Credit - Nyi Htut Khaung’s Facebook
Photo Credit -Nay Min’s Facebook

တစ်နှစ်မှာ တစ်ပွဲလောက်သာ Show ပွဲ ပြုလုပ်လေ့ရှိတဲ့ IC အဖွဲ့ရဲ့ သီချင်းကောင်းလေးတွေကိုတော့ အနုပညာနယ်ပယ်အသီးသီးက အနုပညာရှင်များစွာကလည်း တခဲနက်အားပေးကြိုက်နှစ်သက်ကြပြီး အခုတစ်ခါမှာလည်း Champion SHAN U FC အောင်မြင်မှုအား ဂုဏ်ပြုပွဲမှာလည်း တရင်းတနှီးတွေ့ဆုံခဲ့ကြပါတယ်..။

Champion SHAN U FC အောင်မြင်မှုအား ဂုဏ်ပြုပွဲရဲ့ IC Show ပွဲကြီးကို အားပေးကာ တရင်းတနှီးတွေ့ဆုံပြီး အမှတ်တရဓာတ်ပုံလေးတွေလည်း အတူ ရိုက်ကူးခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားပါသေးတယ်..။

Photo Credit - Nyi Htut Khaung’s Facebook
Photo Credit - Nyi Htut Khaung’s Facebook
Photo Credit - Nay Min’s Facebook
Photo Credit - Hsu Myat Noe Oo’s Facebook

လွတ်လပ်ပေါ့ပါးစွာ အားပေးခဲ့ကြတဲ့ ပျော်စရာ အမှတ်တရပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အပျော်လေးတွေ ကူးစက်စေတာမို့ အားလုံးကလည်း IC ပရိသတ်တွေအပြင် အခြားအနုပညာရှင်ပရိသတ်တွေပါ သဘောကျနေကြမှာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအားလုံးအတွက် သူတို့ရဲ့ ပျော်စရာအမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Nyi Htut Khaung’s Facebook
Photo Credit - Nay Min’s Facebook
Photo Credit - Nyi Htut Khaung’s Facebook
Photo Credit - Nyi Htut Khaung’s Facebook

Photo Credit - Nyi Htut Khaung’s Facebook ၊ Hsu Myat Noe Oo’s Facebook ၊ Nay Min’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။