အနုပညာအလုပ်တွေကို အရင်ကလောက် လှုပ်ရှားမှုမရှိတော့သော်လည်း ယနေ့ထိတိုင် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကို ရရှိထားသူကတော့ သရုပ်ဆောင်မင်းသမီး နန္ဒာလှိုင်ပါ။ သူမဟာ ဆယ်စုနှစ်တွေကျော်အောင် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူမင်းသမီးတစ်ယောက်ပါ။  

photo credit - Nandar Hlaing's Facebook Account
photo credit - Nandar Hlaing's Facebook Account

နန္ဒာလှိုင်ဟာ ချစ်ခင်ပွန်း၊ သမီးလေးသုံးယောက်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ရရှိပိုင်ဆိုင်ထားတာပါ။ သူမဟာ အနုပညာအလုပ်တွေကို မလုပ်တော့ဘဲ စီးပွားရေးလုပ်ငန်းတွေကိုသာ ဦးတည်ကာလုပ်ကိုင်နေသူတစ်ယောက်ပါ။ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို ဝေမျှနေတာပါ။  

photo credit - Nandar Hlaing's Facebook Account
photo credit - Nandar Hlaing's Facebook Account

သူမကိုတော့ အိမ်ထောင်ရေးကံကောင်းသူတစ်ယောက်အဖြစ် အားလုံးက သတ်မှတ်ထားကြတာပါ။ ခင်ပွန်းအပေါ်လည်း ဇနီးကောင်းတစ်ယောက်လို ဂရုစိုက်မှုတွေကြောင့်လည်း ပရိသတ်တွေက ချီးကျူးနေကြတာပါ။ နန္ဒာလှိုင်ဟာ ပိတ်ရက်အားလပ်ရက်တိုင်းချစ်ခင်ပွန်းကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းလျှော်ပေးလေ့ရှိတာပါ။ အခုမှာလည်း ဒီပုံရိပ်လေးကို နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်းဖြစ်တဲ့ ဇေသီဟရဲ့လူမှုကွန်ယက်စာမျက်နှာတွင် "Sunday မဟုတ်ဘူး။ Shampoo day ပါ။ " ဆိုပြီး တင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Source - Zay Thiha's Facebook Account

photo credit - Zay Thiha's And Nandar Hlaing's Facebook Account 

photo credit - Zay Thiha's Facebook Account
photo credit - Zay Thiha's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။