ရုပ်သံဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့ကြတဲ့ မင်းသားချော အောင်ရေချမ်းနဲ့ မင်းသမီးချော ခေးဆက်သွင်တို့နှစ်ယောက်ကတော့ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်အောင် ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်ကြမယ် ထင်ပါတယ်။ သူတို့နှစ်ယောက်က သရုပ်ဆောင်ပိုင်းမှာ ဇာတ်ရုပ်ကို ပီပြင်ပြောင်မြောက်အောင် သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက အားပေးနေရတာပဲ ဖြစ်ပါတယ်။

Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB

အောင်ရေချမ်းဆိုရင်လည်း " ပျားရည်အိုင်၊ ကျွန်မက မဟေသီ" ဆိုတဲ့ဇာတ်လမ်းတွဲလေးတွေနဲ့ အတော်လေးရေပန်းစားအောင်မြင်ခဲ့သလို ခေးဆက်သွင်ကလည်း "နှင်းဆီ" ဇာတ်လမ်းတွဲလေးနဲ့ လက်ရှိမှာအောင်မြင်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၄)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စိန်နန်းတော်ရတနာဆိုင်ရဲ့ တောင်ငူအရောင်းပွဲတော်လေးကိုလည်း အောင်ရေချမ်းနဲ့ ခေးဆက်သွင်တို့က အတူတူတက်ရောက်ခဲ့ကြပါတယ်။

Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB

အခုလည်း ခေးဆက်သွင်က " စိန်နန်းတော်ရဲ့ တောင်ငူအရောင်းပွဲတော်မှာ မင်းမျိုးနွယ်နဲ့ နှင်းဆီတို့ တွေ့ကြရာဝယ် စကားမစပ် စိန်နန်းတော်က နှင်းဆီနဲ့ ပတ်သတ်တဲ့ ရတနာ တွေပဲဆင်တော့လိုချင်နေပါပြီနော် ချစ်ရင် ဝယ်ပေးကြ We loveတို့ဒါပဲ " ဆိုပြီး ပုံလေးတွေကိုတင်ထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အရမ်းလိုက်ဖက်ညီနေကြတဲ့ အောင်ရေချမ်းနဲ့ ခေးဆက်သွင်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Khay Sett Thwin's FB

Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB
Photo Credit-Khay Sett Thwin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။