ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အကယ်ဒမီစိုးပြည့်သဇင်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိပြီး ပရိသတ်တွေအသိအမှတ်ပြုထားတဲ့ ရွှေမင်းသမီးလေးပဲဖြစ်ပါတယ်။စိုးပြည့်သဇင်က ချစ်မကြီးစိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့လိုပဲ အိုင်တင်အရမ်းတော်ပြီး နူးညံ့သိမ်မွေ့တဲ့ အပြင် စိတ်ထားလေးကလည်းဖြူစင်မွန်မြတ်သူဖြစ်ပါတယ်နော်။စိုးပြည့်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း ယနေ့အချိန်ထိကို တစိုက်မက်မက်အားပေးလာကြတာပါ။

Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook

စိုးပြည့်တို့ ညီအစ်မတွေအကုန်လုံးကို ပရိသတ်တွေက စိုးညီအစ်မတွေဆိုပြီး ချစ်ခင်အားပေးကြပါတယ်။မင်းသမီးပိုးထည်တိုက် ဆိုင်လေးကိုလည်း ညီအစ်မလေးယောက်လုံး တက်ညီလက်ညီနဲ့ကြိုးစားကြလို့ ပိုးထည်ဆိုင်လေးကလည်း အောင်မြင်ပါတယ်နော်။စိုးပြည့်ကတော့ ညီအစ်မတွေထဲမှာ အငယ်ဆုံးလေးဖြစ်ပြီး ချစ်အမကြီးတွေရဲ့စကားကိုလည်းနားထောင်ကာ လိမ္မာသိတတ်တဲ့ညီမငယ်လေးဖြစ်ပါတယ်။

Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook

အခုဆိုရင်တော့ စိုးပြည့်က မိဘတွေနဲ့အတူ ပူတာအိုမြို့ကို ရောက်ရှိနေပြီး အေးချမ်းလှတဲ့ နေရာလေးမှာ ပျော်ပျော်ရွှင်ရွှင်လည်ပတ်နေတာဖြစ်ပါတယ်။အဆိုတော်နီနီခင်ဇော်နဲ့လည်း အနုပညာအလုပ်တွေအတူတွဲလုပ်ကိုင်ပြီး ရဝမ်တိုင်းရင်းသူဝတ်စုံလေးနဲ့ အရမ်းချစ်စရာကောင်းနေပြီး အေးချမ်းစွာလှပနေတပါတယ်နော်။ပူတာအိုရဲ့သာယာတဲ့အလှတွေနဲ့အပြိုင် စိုးပြည့်လေးကလည်း အေးချမ်းစွာလှနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook
Photo Credit:Soe Pyae Thazin's facebook

Photo Credit:Soe Pyae Thazin's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။