MPT Myanmar National League 2019 ရာသီပိတ် နောက်ဆုံးပွဲစဉ်မှာ ဧရာဝတီယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ခြောက်ဂိုးပြတ် အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာကို ရယူနိုင်ခဲ့ပါတယ်။ဧရာဝတီအသင်းအနေနဲ့ ဒီပွဲစဉ်မတိုင်မီ ချန်ပီယံဆု မျှော်လင့်ခွင့် ရှိနေလို့ ပွဲစကတည်းက ဧည့်သည်အသင်းကို ဖိကစားပြီး ဂိုးတွေ ဆက်တိုက်သွင်းယူသွားခဲ့တာပါ။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ဧရာဝတီအသင်းအတွက် အနိုင်ဂိုးတွေကို ၁၉၊ မိနစ်မှာ စိုးမိုးကျော်၊ ၂၁၊ ၆၄ မိနစ်မှာ ဆာဆက်စ်၊ ၃၄၊ ၄၂၊ ၉၀+၃ မိနစ်တွေမှာ အောင်ကျော်နိုင်၊ ကိသ်နှင့် အောင်ကောင်းမာန်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ယနေ့ပွဲမှာ ပြိုင်ဘက် ရှမ်းယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် ဧရာဝတီအသင်းက ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ဧရာဝတီယူနိုက်တတ်အသင်းအနေနဲ့ ရာသီပိတ်ပွဲစဉ်မှာ အနိုင်ရလဒ်နဲ့ ပိတ်သိမ်းနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။၂၀၁၉ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးဘောလုံးပြိုင်ပွဲမှာ ရှမ်းယူနိုက်တက်အသင်းက ပထမဆုရရှိသွားခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဧရာဝတီယူနိုက်တက်အသင်းက ဒုတိယနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က တတိယဆုများ ရယူနိုင်ခဲ့ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။