ဟာသမင်းသမီးချောလေး ဖြူဖြူထွေးကတော့ သရုပ်ဆောင်ပိုင်းကို ဝါသနာပါသူဖြစ်တာကြောင့် ဇာတ်လမ်းတိုလေးတွေ ဟာသဗီဒီယိုလေးတေရိုက်ကူးရင်း လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဟာသဗီဒီယိုလေးတွေအပြင် ဗဟုသုတရစေမယ့် ဇာတ်လမ်းတိုလေးတွေလည်း ပုံဖော်တင်ဆက်ပြီး အိုက်တင်အပြည့်နဲ့ သရုပ်ဆောင်ပြလေ့ရှိတာ ဖြစ်ပါတယ်။

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

အမာခံပရိသတ်မြောက်များစွာကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးကတော့ တစ်နေ့တစ်ခြားပိုပိုပြီး အောင်မြင်လာသလို အနုပညာအလုပ်တွေလည်း ဆက်တိုက်လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖြူဖြူထွေးက ပွဲအခမ်းအနားလေးတွေ ခဏခဏတက်ရောက်နေရတာပဲ ဖြစ်ပါတယ်။အခုလည်း ဖြူဖြူထွေးက "Ocean Suprer Center " ရဲ့ပွဲလေးကို တက်ရောက်ဖြစ်ခဲ့စဉ်က အမှတ်တရလေးတွေကို ဗီဒီယိုလေးနဲ့ မျှဝေထားပါတယ်။

Photo Credit-Amazing Grace Photography
Photo Credit-Phyu Phyu Htwe's FB
Photo Credit-Phyu Phyu Htwe's FB

ဖြူဖြူထွေးက " ပရိသတ်ကြီးရေ အချစ်တွေ ရင်ထဲမဆန့်တော့ဘူး ကတာလေးကျတော့ တွေ့မှကြည့်" ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးတစ်ယောက် စင်ပေါ်မှာဟာသတွေလုပ်ရင်း ပရိသတ်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပွဲတက်ရင်း ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ဖြူဖြူထွေးရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Phyu Phyu Htwe's FB 

Photo Credit-Phyu Phyu Htwe's FB
Photo Credit-Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။