ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုမှ ကြည့်ချင်တဲ့ ပရိသတ်များအတွက် မကြာခင်မှာ ရုံတင်ပြသတော့မယ့် " ကမ္ဘာနှစ်ထပ် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒီဇာတ်ကားကြီးကတော့ ဒါရိုက်တာ အာကာ ရဲ့ ရိုက်ချက်များနဲ့ အတူ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်ကြတဲ့ နိုင်းနိုင်း၊ မေကဗျာ၊မေမြင့်မိုရ်နှင့် ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့က ပါဝင်သရုပ်ဆောင်ထားတာပါ။  

Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page
Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page

ထူးခြားတဲ့ ဇာတ်အိမ်လေးကတော့ မိသားစုတစ်စုမှာ ဖြစ်တတ်တဲ့အရာလေးတွေ၊ ကလေး တစ်ယောက်မှာ မိဘနှစ်ယောက်လုံးက ဘယ်လောက်ထိအရေးပါကြောင်းကို ရိုက်ကူးပုံဖော်ထားတာပါ။ ဒီဇာတ်ကားမှာပါဝင်ကြတဲ့ သရုပ်ဆောင်တွေဟာလည်း ဇာတ်လမ်းထဲက ကာရိုက်တာတွေနဲ့ လိုက်ဖက်ညီလွန်းတာကြောင့် ရုံမတင်မီကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု အများဆုံးရရှိထားတာပါ။ ဒီဇာတ်ကားကြီးဟာ မိသားစုတိုင်း ကြည့်သင့်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားဆိုရင်လည်း မမှားပါဘူး။

Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page
Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page

အချိန်မပေးနိုင်တဲ့ မိဘနှစ်ယောက်ဆီက ကြင်နာဂရုစိုက်မှုတွေ လိုအပ်နေပေမဲ့ မရတာကြာလာတဲ့ အခါ မိဘအပေါ်အမြင်မကြည်တာတွေ ဖြစ်လာတတ်ပါတယ်။ မိဘနှစ်ယောက်ကလည်း သံသယစိတ်တွေ နဲ့ အိမ်ထောင်တစ်ခုကိုတည်ဆောက်ကျတဲ့အခါ ကလေးအပေါ်မှာ ကျရောက်လာတဲ့သက်ရောက်မှုတွေကို ရှင်းထုတ်နိုင်ပါ့မလား? သားသမီးနဲ့မိဘကြားက အထင်အမြင်လွဲမှားမှုလေးတွေကိုချပြရင်း ချစ်ခြင်းမေတ္တာကို ဘယ်လိုနည်းလမ်းမျိုးနဲ့ပြန်လည်တည်ဆောက်ကျလဲဆိုတာ ကိုတော့လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ JCJV အဆင့်မြင့် ရုပ်ရှင်ရုံကြီးများတွင် တစ်ပြိုင်နက်တည်းပြသတော့မှာဖြစ်လို့ သွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page

Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page
Photo Credit - ကမ္ဘာနှစ်ထပ်-ရုပ်ရှင် Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။