ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးချောလေးတစ်ယောက်ကို မွေးဖွားထားလို့ သမီးလေးကိုပဲ သေချာယုယပြီး စောင့်ရှောက်နေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasure ကတော့ စက်တင်ဘာလ(၁၄)ရက်နေ့မှာ ၂လပြည့်သွားတာဖြစ်ပြီး တစ်လုံးတစ်ခဲကြီးနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် စန္ဒီမြင့်လွင်တို့မိသားစုနဲ့ ပရိသတ်တွေက အရမ်းချစ်နေရတာဖြစ်ပါတယ်နော်။

Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace
Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace
Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace

Treasure လေးက ဖေဖေနဲ့လည်းတူသလို မေမေနဲ့လည်းနှုတ်ခမ်းလေးတူတာကြောင့် မိဘနှစ်ပါးလုံးရဲ့အလှတွေကို ခွဲဝေယူထားပါတယ်နော်။မေမေစန္ဒီမြင့်လွင်ကတော့ သမီးချောလေးကို အရမ်းချစ်ပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးတာကြောင့် သမီးလေးကလည်း ၀၀ကစ်ကစ်၊ပါးဖောင်းဖောင်းလေးနဲ့ အရမ်းပဲချစ်စရာကောင်းလာပါတယ်နော်။

Source:Soe Kyi Phyu&Dee Dee's Facebook
Source:Soe Kyi Phyu&Dee Dee's Facebook
Source:Soe Kyi Phyu&Dee Dee's Facebook
Source:Soe Kyi Phyu&Dee Dee's Facebook

စန္ဒီမြင့်လွင်တို့ ညီအစ်မတွေစုပေါင်းဖွင့်လှစ်ထားတဲ့ မင်းသမီးပိုးထည်တိုက်ဆိုင်လေးကလည်း အထိုက်အလျောက်အောင်မြင်နေပြီး အခုဆိုရင်တော့ နှစ်ပတ်လည်ပွဲလေးကို ၃ရက်တိုင်တိုင်ကျင်းပပါတယ်နော်။အနုပညာမောင်နှမတွေနဲ့မိတ်ဆွေတွေကလည်း လာရောက်အားပေးကြကာ စန္ဒီမြင့်လွင်ကတော့ ချစ်မကြီး စိုးမြတ်သူဇာ စိုးမြတ်နန္ဒာတို့နဲ့အတူ ဝိုင်းကူပြီး ဈေးရောင်းပေးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace
Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace
Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace
Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace

Source:Soe Kyi Phyu&Dee Dee's Facebook/Photo Credit: Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။