ကဲ... ပရိသတ်တို့ရေ လူတိုင်းမှာ စိတ်ကူးယဉ်ဖူးတဲ့ အိမ်လေးတစ်လုံးတော့ရှိမှာပါနော်။ သေချာတာကတော့ ဇိမ်ကျကျလေးနဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့အတူစိတ်ကူးယဉ်အိမ်လေးမှာနေချင်ကြတာပါ။ ဒါပေမယ့် ဒီတစ်ခုကတော့ စိတ်ကူးယဉ်အိမ်မက်မဟုတ်ဘဲ လက်တွေ့ဘဝမှာ ဘုရင့်စည်းစိမ်အလား ခမ်းနားလွန်းပြီး တန်ဖိုးကြီးမြင့်လှတဲ့ အမေရိကန်နိုင်ငံက လူနေအိမ်ကြီးအကြောင်းပဲဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ ဗာဆိုင်းအိမ်ကြီးဟာ အိပ်ခန်းပေါင်း ၃၀ ပါဝင်တဲ့ အုတ်တိုက်ကြီးဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာ ဆောက်လုပ်ပြီးခဲ့သမျှ လူနေအိမ်တွေထဲမှာအကြီးဆုံး မိသားစုစံအိမ်ကြီးဖြစ်ပါတယ်။

Photo Source : Pngtree

အိမ်ကြီးအတွင်းမှာ ဘိုလင်းကစားကွင်း၊စကိတ်ကွင်း နဲ့ အိုလံပစ်ပြိုင်ပွဲကျင်းပတဲ့အရွယ်အစားရှိတဲ့ ရေကူးကန်တို့ကို ထည့်သွင်းတည်ဆောက်ထားတာကြောင့် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးအိမ်ကြီးဖြစ်လာခဲ့ပါတယ်။ ဒေးဗစ်ဆေးဂဲလ်နဲ့ သူရဲ့ဇနီး အလှဘုရင်မဟောင်းဂျက်ကလင်းတို့ဟာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးစံအိမ်ကြီးကို လွန်ခဲ့တဲ့ သုံးနှစ်က စတင်တည်ဆောက်ခဲ့ကြပြီး ၁၈ လအကြာမှာ တည်ဆောက်မှုတွေမပြီးပြတ်သေးဘဲ ဒေါ်လာ ၇၅ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်ခဲ့ပါတယ်။ကျွမ်းကျင်သူတွေက အိမ်ကြီးလက်စသတ်ဖို့ နောက်ထပ်ဒေါ်လာ ၂၅ သန်းလိုအပ်လိမ့်မယ်လို့ယူဆခဲ့ ကြပါတယ်။

Photo Source : Pngtree

ဒီအိမ်ကြီးရဲ့ အိပ်ခန်းတွေကကြည့်ရင်တော့ အိုလန်ဒို မိုင် ၂၀ အကွမှာရှိတဲ့ ဘတ်တလာရေအိုင်ကြီးကိုမြင်ရမှာပဲဖြစ်ပါတယ်။ လက်လုပ်ပြတင်းတွေကိုလည်း တပ်ဆင်ထားခဲ့တဲ့အခါမှာ ပေါင်နှစ်သန်းကုန်ကျခဲ့ပြီးတော့ အိမ်ကြီးမှာ ဇိမ်ခံကပွဲခန်းမဆောင်တစ်ခုနဲ့ ကလေး ကဇာတ် ရုံတစ်ရုံလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။ကားစီးရေ ၂၀ ရပ်နားနိုင်တဲ့ကားရုံ၊ ရေကူးကန်သုံးခု၊ကြီးမားသောလှေအိမ် တစ်လုံး၊ပန်းဥယျာဉ်များနဲ့တစ်ထပ်လုံခြုံရေးတဲငယ်တစ်ခုလည်းရှိပါတယ်။ဘေ့စ်ဘောကွင်း၊တင်းနစ်စ်ကွင်းနှစ်ကွင်း၊အလျားပေ ၁၂၀၊ အနံပေ ၆၀ ရှိတဲ့ ခန်းမဆောင်၊ပေ ၃၀ ရှိတဲ့ မှန်လိပ်ခုံးဆောင်၊ခမ်းနားတဲ့ လှေကားအိမ်၊အလျား ၃၇ ပေ အနံပေ ၃၀ ရှိတဲ့ မီးဖို ဆောင်၊ နှစ်ထပ် ဝိုင်သောက်ခန်း၊ကျောက်သားအိမ်တစ်ခု၊အလှပြင်ခန်းသုံးခု၊ပေ၈၀ မြင့်တဲ့ ရေတံခွန်၊ရေချိုးခန်း ၂၃ ခန်းနဲ့အတူ ပြင်သစ်စတိုင် ဘရာဇီးလ် မဟော်ဂနီသားနဲ့ ပြုလုပ်ထားတဲ့ ပြတင်းပေါက် ၁၆၀ ပါဝင်တဲ့ ဒီအိမ်ကြီးဟာ အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးအိမ်ကြီးဖြစ်လာခဲ့ရပါတယ်။အိမ်ကြီးကို ဗာဆိုင်းလို့ အမည်ပေးထားပြီး ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်ဝင်ပေါက်ပုံစံအတိုင်း ပြုလုပ်ထားပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

Source : မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။