အီဂျစ် အသက်အငယ်ဆုံး ဘုရင် တူတန်ခမန် ၏ ဂူဗိမာန် ကိုဖွင့်လှစ်ခဲ့စဉ် 14 Jan 1927 မှာ အီဂျစ်နတ်ဘုရား ၄ ပါး ဖြစ်သော( Isis, Nepthys, Neith နှင့် Selkit) ဝန်းရံ ထားသည့် ပရိဘောဂ တစ်ခုကို တွေ့ခဲ့ရပါတယ်။ ဒီပရိဘောဂထဲတွင် ဘုရင်၏ ကလီစာ တွေကို ကရား တွေထဲထဲ့သွင်းထား ပြီး နတ်ဘုရားများဖြင့်ကာကွယ်ထားတာကို တွေ့ရပါတယ်။ ဘာကြောင့် အခုလို လုပ်ထားလဲဆိုတာကတော့ ပဟေဠိသဖွယ်ဖြစ်နေပြီး ပညာရှင်များကို အခက်တွေ့နေစေခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

1991 ခုနှစ်က အဲဖတ် တောင်ပေါ်တွင်ရှာဖွေတွေရှိခဲ့သော Ice man ရေခဲလူသား ဖြစ်ပြီး ကာဗွန်ဒိတ်တင်း နည်းပညာအရ စစ်ဆေးကြည့်ရာ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း 5300 ခန့်က ရေခဲထဲတွင် သေဆုံးခဲ့သည်ဟုယူဆခဲ့ကြပါတယ်။ ထူခြားတာ က တော့ သူ၏အရေပြားပေါ်တွင် တက်တူးများ နေရာ အနံှထိုးနံှ ထားပြီး နှစ်ပေါင်း 5300 ခန့်ကတည်းက တက်တူးနည်းပညာ ပေါ်ပေါက်နေပြီလား ဆိုတာ သိပ္ပံပညာရှင်တို့ အတွက် စဉ်းစားစရာဖြစ်နေပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ဒီအမျိုးသားရဲ့ နာမည်ကတော့ Bobby Leach ဆိုသူဖြစ်ပြီး နိုင်ဂရာ ရေတံခွန် ထဲကို သံတိုင်ကီဖြင့် ခုန်ချပြီး အများူငါ အံ့သြသွားအောင် စတန့် ပြခဲ့ သူလည်း ဖြစ်ပါတယ်။ သူရဲ့ ဒီစတန့်ပြကွက်ဟာ အလွန် အန္တရာယ်များလှပေမယ့်လည်း လက်တွေ့တစ်ကယ်လုပ်ပြတဲ့ အခါမှာတော့ သူ့ရဲ့ ကျွမ်းကျင်နှုရော ကံကောင်းမှုတွေနဲ့ပါ ပေါင်းပီး စတန့်ပြတာ အောင်မြင်ခဲ့ကာ အသက်မသေခဲ့ပါဘူး ။ ဒါပေမယ့်လည်း သူဟာ လိမ္မော် သီးခွံကို တက်နင်းမိကာ ချော်လဲပြီး သေသွားခဲ့တယ်လို့ သမိုင်းစာမျက်နှာတွေမှာ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။