ပြောင်းလဲလိုက်တဲ့ rank ပုံစံအရ Low Rank MMR မှာ ကစားနေကြတဲ့ Dota 2 players တွေအနေနဲ့

ပြသနာတွေကို အနည်းငယ်ဖြေရှင်းနိုင်မယ်လို့ထင်ရပေမယ့် တကယ့်လက်တွေ့မှာတော့ မလွယ်ကူလှပါဘူး။

ယခု rank match find တဲ့အခါမှာ ကိုယ်ကစားမယ့် role ကို ရွှေးချယ်ပြီး find ကြပေမယ့် တကယ့်တကယ်ပွဲထဲ ရောက်တဲ့အခါမှာ ကိုယ်ရွေးချယ်တဲ့ role ကိုမစားကြဘဲ တခြား role က ဟီးရိုးတွေကို ပဲ ကစားကြတာတွေ့ရပါတယ်။

အများဆုံး ကစားကြတာကတော့ carry hero တွေပါ ၊ ကိုယ်ကျွမ်းကျင်လား မကျွမ်းကျင်လား မစဉ်းစားဘဲ pro players တွေကစားပြတာကို ကြည့်ပြီး လိုက်ကစားပြီး battle မဝင်တတ် ၊ item မ farm တတ် ပီးတော့ ပွဲအနေအထားအရ ဆက်သင်တဲ့ Item မဆက်တဲ့အခါ ရုံးပွဲတွေနဲ့ သာ ရင်ဆိုင်နေရမှာ အသေအချာပါပဲ။

တချို့ပွဲတွေဆို ငါးယောက်လုံး carry pick ပြီး supp ပေးမယ့်သူ မပါ ward ထောင်မယ့်သူမပါတော့ early game ထဲက နေ enemy team ဘက်က ဖိအားပေးကစားတာကို ခံကြရပြီး ရှုံးပွဲဆက်နေသူတွေလည်း အများကြီးပါပဲ။

မြန်မာနိုင်ငံက player တွေကစားကြတဲ့ SEA region က player အများစုဟာ ဆေးတွေပါ ၊ supp role နဲ့ find ပြီး supp pick ပါသော်ငြားလည်း အများစုဟာ ward မထောင် carry ဆီက creep လုစားပြီး item farm ကြတဲ့ supp player တွေပါ ၊

ဒီလိုပုံစံတွေဟာ highest rank တွေမှာတော့ မတွေ့ရပေမယ့် MMR 100 ကနေ MMR 2000 ဝန်းကျင်လောက်မှာ အမြဲလိုလိုတွေ့နေရတာပါ။

Mid ကို enemy ဘက်က gank နေရင် tp backup မကျပေးဘဲ တခေါက်လောက်သေတာနဲ့ကို Mid fail ဆိုပြီး တပွဲလုံး blame နေတတ်တဲ့ player တွေလည်း အများကြီးမှ အများကြီးပါပဲ။

တချို့ carry ဆော့နေကြတဲ့ players တွေဆိုရင်လည်း supp က အမြဲ backup ပေးနေပါသော်ညားလည်း မဝင်သင့်တဲ့ battle တွေဝင် ပြီးတော့ တဖြုတ်ဖြုတ်သေ ၊ gungle ထဲမှာ farm နေရင်လည်း supp ထောင်ပေးထားတဲ့ ward ကနေ enemy ဘက်က hero တွေလာနေတာ မြင်ပါရက်နဲ့ မback ဘဲ creep တွေဆက်စား အသတ်ခံရလို့ရှိရင် we need wards တို့ gg supp , no backup nobb supp အစရှိသည်ဖြင့် supp players တွေကို blame နေကြသူတွေလည်း အများကြီးပါပဲ။

ဒီအကြောင်းအရာတွေဟာ လက်ရှိ Sea region မှာ ကစားနေတဲ့ low rank mmr players တွေကြုံတွေ့နေရတဲ့ ပြသနာ အနည်းငယ်မျှသာ ဒီလို players တွေနဲ့ တွေ့လာရင် ဘယ်လိုကစားသင့်တယ်ဆိုတဲ့အကြောင်းကိုတော့ ထပ်မံရေးသားဖော်ပြသွားဦးမှာဖြစ်လို့ ကျနော်တို့ page ကို follow လုပ်ထားပေးကြပါဦးနော်။

Myanmarload..........

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။