အချိန်ကာလတစ်ခုက အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ အဆိုလဲတော် ... သရုပ်ဆောင်လဲပီပြင်တဲ့

မင်းသမီးတစ်ဦးကတော့ တင့်တင့်ထွန်းပဲဖြစ်ပါတယ် ။ တင့်တင့်ထွန်းဟာ လူဝတ်ကြောင်ဘဝကိုစွန့်လွှတ်ပြီးနောက် သီလရှင်ဝတ်နဲ့တရားအားထုတ်နေခဲ့သူပါ ။ အောင်မြင်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး ဗုဒ္ဓ၏ သမီးတော်ဘဝကိုရွေးချယ်ခဲ့တဲ့ တင့်တင့်ထွန်းလို သရုပ်ဆောင်ဘဝကိုစွန့်လွှတ်ပြီး အခြားလူမှုအကျိုးပြုနယ်ပယ်မှာ ကိုယ်ကျိုးမဖက် ပေးဆပ်နေတဲ့ ပရဟိတသမားဦးကျော်သူနဲ့ ပြန်ဆုံကြတဲ့အချိန်ကတော့ ဦးကျော်သူ၏ နာရေးကူညီမှုအသင်း(ရန်ကုန်) လူမှုအကျိုးပြုလုပ်ငန်း များအတွက် မိဘနှစ်ပါးအားရည်စူးတဲ့ အလှုအဖြစ် တင့်တင့်ထွန်း ခု သီလရှင် ဒေါ်နန္ဒမာလာက အလှူငွေ ၃ဝဝဝဝဝဝိ/- (သိန်းသုံးဆယ်) ကျပ် တိတိအား လာရောက်လှူဒါန်းခဲ့ချိန်မှာပဲဖြစ်ပါတယ် ။ လှူဒါန်းမှုအပြီးတွင် ဥက္ကဌ ဦးကျော်သူမှ အသင်း၏ လုပ်ဆောင် ချက်များအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံရှင်းပြပေးခဲ့ပြီး နာရေးကူညီမှုအသင်းရဲ့ Facebook နှင့် Website စာမျက်နှာတို့တွင် အများပြည်သူ မုဒိတာပွားနိုင်ရန် သတင်းတင်လိုပါသည် ဟုခွင့်တောင်းခဲ့ရာ ဒေါ်နန္ဒမာလာမှ 

“သီလရှင်အနေနဲ့ အခုလို သတင်းတင်တာ ကြွားဝါသလိုဖြစ်မှာစိုးလို့ မတင်စေချင်ဘူူး၊ မသင့်တော်ပါဘူး၊ ဒါပေမယ့် အများသူငါ မုဒိ တာပွားနိုင်အောင် တင်ချင်တယ်ဆိုတော့ မတားတော့ပါဘူး၊ သီလရှင်အနေနဲ့ လှူချင်နေတာကြာပြီ ဒါပေမယ့် အကြောင်းမတိုက်ဆိုင်တော့ မလှူဖြစ်ခဲ့ဘူး၊ ဒီကနေ့တော့ အကြောင်းတိုက်ဆိုင််လို့ လှူဖြစ်ခဲ့ တယ်၊ သီလရှင်က တစ်ပါးတည်း မိဘတွေကလည်း မရှိတော့ဘူးဆိုတော့ ဟိုးတုန်းက တွေးမိဖူးတယ်၊ ငါသေရင် ဘယ်သူကများ အသုဘချပေးမလဲလို့ တွေးပူခဲ့မိတယ်။ ဒါပေမယ့် နောက်တော့ ကိုမောင် (ကိုကျော်သူ)တို့ နာရေးအသင်းရှိနေတာပဲ ဘာပူစရာရှိလဲလို့တွေးမိပြီး ဒီအသင်းကြီးက အများပြည်သူကို ကူညီပေးနေတာဆိုတော့ ဒီအသင်းကြီး ရေရှည်တည်တံ့ဖို့အတွက် သီလရှင်အနေနဲ့ လှူဖို့လို မယ်ဆိုတာ ကို တွေးမိတဲ့အတွက် အခုလိုအကြောင်းတိုက်ဆိုင်စွာနဲ့ လာလှူဖြစ်ခဲ့တာပါ” ဟု မိန့်ကြားခဲ့ပါတယ် ။

တရားဘောင်မှာပျော်မွေ့နေတဲ့ဒေါ်နန္ဒမာလာကို ပညာရေးနဲ့ပါတ်သတ်ပြီးမေးမြန်းရာမှာတော့

“ပညာရေးအနေနဲ့ ပထမငယ်ဖြေထားပါတယ်၊ သီလရှင်ဝတ်တာ တစ်ဝါရပြီးပါပြီ” ဟု လဲဆိုပါတယ် လို့သိရှိရပါတယ် ။

သရုပ်ဆောင်မင်းသမီး တင့်တင့်ထွန်းတစ်ဖြစ်လဲ ဆရာလေး ဒေါ်နန္ဒမာလာရဲ့ အလှုကို သာဓုခေါ်ဂုဏ်ပြုလိုက်ရပါတယ် ။

Source : Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။